Facebook ပေါ်မှ ယနေ့အတွက် မှတ်သားစရာ (၂၀၁၆-ဧပြီ-၁၁)
======================================
မူရင်းလင့် - https://www.facebook.com/nu.aung.378/posts/10207369361087040
======================================
ကျွန်မနဲ့ သိတဲ့ အစ်မတစ်ယောက် ဧပြီ ၉ရက်နေ့ ညနေ ၆ခွဲနှင့် ၇ ကြားတွင်
တော်ဝင်စင်တာမှာ ဈေးဝယ်ရင်း ပိုက်ဆံအိတ် ခါးပိုက်နှိုက်ခံရပါတယ် ....
နိုင်ငံခြား ငွေတွေရော မြန်မာငွေတွေပါ တန်ဖိုးတော်တော်များများ ပါသွားပါတယ်
... တော်ဝင်စင်တာက တာဝန်ရှိသူတွေကို CCTV ပြပေးဖို့ အကူညီတောင်းတော့ ...
office regulation အရ ပြခွင့်မရှိလို့ ကြည့်ချင်ရင် ရဲစခန်းက
ထောက်ခံချက်ပါအောင်ယူလာဖို့ ပြောပါတယ် ... ဒါနဲ့ ရဲစခန်းကို
အကြောင်းကြားဖို့ ဒဂုံမြို့နယ် ရဲစခန်းလိပ်စာ မေးတော့ ရှိတော့ရှိတယ် ...
သေချာတော့ မသိဘူးလို့ ဖြေပါတယ်ရှင် (အားကိုးဖွယ်ရာအတိပါ)
အဲဒါနဲ့ပဲ
ကားရပ်ထားခဲ့တဲ့ စကားဝါလမ်းဘက်ကို ထွက်လာတော့ လှည့်ကင်းတာဝန်ထမ်းဆောင်နေတဲ့
ရဲအရာရှိနဲ့တွေ့ပြီး မေးမြန်း အကူညီတောင်းလိုက်တော့ ချက်ချင်းပဲ စခန်းကို
စကားပြောစက်နဲ့ဆက်သွယ်ပြီး သူ့ မော်တော်ဆိုင်ကယ်နဲ့ ရှေ့မှ
လမ်းပြခေါ်ဆောင်သွားပါတယ် .. စခန်းကိုရောက်တော့လဲ စခန်းမှူးကိုယ်တိုင်က
သေချာ attention ပေးပြီး စစ်ချက်ယူကာ မနက်ဖြန် ပြန်လာခဲ့ဖို့ နဲ့ စခန်းက
အရာရှိတွေထည့်ပေးလိုက်မှာဖြစ်လို့ cctv သွားကြည့်ကြရန် မှာလိုက်ပါတယ် ...
နောက်တစ်ရက် စခန်းကိုပြန်သွားပြီး အရာရှိနှစ်ယောက်နဲ့အတူ
စင်တာကိုပြန်သွားတော့ စင်တာ မန်နေဂျာဆိုသူနှင့်တွေ့ပါတယ် ...
တူတူလိုက်ပါလာသူ ရဲအရာရှိ နှစ်ယောက်က မန်နေဂျာအား အကျိုးကြောင်း ပြောပြရာ
ထို မန်နေဂျာ ဆိုသူက ခပ်ပေါ့ပေါ့ ရီမောရင်း ဒါမျိုးက ကျွန်တော်တို့အတွက်
ရိုးနေပြီဟု ကိုယ်ချင်းစာစိတ်မဲ့စွာ ပြောတဲ့အပြင် ပြီးတော့ ပစ္စည်းပျောက်တာ
နဲ့ပတ်သတ်ပြီး စင်တာမှ တာဝန်မယူပါလို့ ကျွန်တော်တို့ ကြေငြာထားပြီးသားလေ
လို့ ပြောပါသေးတယ် ... ကျွန်တော်တို့မှာ တာဝန်မရှိဘူးလို့ ပညာမဲ့ ဆန်စွာ
ရယူထားသော ရာထူးကိုမှ အားမနာ ပြောပါတယ် .... မှန်ပါတယ် .. လူတိုင်း
လာနေတဲ့နေရာမှာ တစ်ယောက်ချင်းစီရဲ့ ပစ္စည်းကို ထိန်းသိမ်းရမှာ
ကာယကံရှင်တာဝန်သာဖြစ်ပြီး စင်တာတွင် တာဝန်မရှိကြောင်း ကျွန်မတို့
သဘောပေါက်ပါတယ် ... တာဝန်ယူပါ ဆိုတဲ့ စကားကို ကျွန်မတို့ မပြောခဲ့ပါဘူး ...
ကျွန်မတို့ ပြောတာက cctv လေး ပြန်ပြပေးဖို့ တစ်ခုတည်းပါ... ဒါမှလဲ
ကာယကံရှင်က တစ်နေရာမှာ ချထားခဲ့မိလား .. အမှန်တစ်ကယ်ပဲ
ခါးပိုက်နှုက်ခံရလားဆိုတာ သေချာမှာမို့ပါ လို့ လေသံမာမာနဲ့ပြောတော့မှ cctv
မှာ IT ဝန်ထမ်းများသာ ကြည့်ခွင့်ရှိကြောင်း IT ဝန်ထမ်းများမှာ
နှစ်ကူးပိတ်ရက်ဖြစ်သောကြောင့် ရုံးမလာကြတော့လို့ ကြည့်ခွင့်မရနိုင်ကြောင်း
ပြောပါတယ် ...
သူပြောတဲ့ စကား မှန်ကောင်းမှန်ပါလိမ့်မယ် ... ဒါပေမဲ့
ဘယ် ရုံးမဆို ဝန်ထမ်းကို စာချုပ်ချုပ်ရင် အရေးပေါ် အခြေအနေတွင်
ရုံးသို့လာရောက်ရန် ခေါ်ဆိုခြင်းခံရပါက လာရောက်ရမည် ဆိုတဲ့အချက်
ပါကိုပါပါတယ် ... ခု လိုအခြေအနေမျိုးမှာ cctv ကိုလုံးဝ မပြခဲ့တဲ့ စင်တာ
မန်နေဂျာဟာ စင်တာထဲမှာ သောင်းကျန်းနေတဲ့ သူခိုး ခါးပိုက်နှိုက်တွေနဲ့များ
တူတူ ပေါင်းပြီး လုပ်စားနေသလားလို့တောင် ထင်မိပါတယ်...
ဤမျှ ကြီးမားသော လူများသော စင်တာ၏ တာဝန်ခံ မန်နေဂျာ ဆိုသူ၏ တုန့်ပြန်ချက်မှာ လွန်စွာ လက်လွတ်စပယ် တာဝန်မဲ့လွန်းခဲ့ပါတယ် ..
နောက်ဆုံးတော့ ကျွန်မတို့ လက်လျှော့ပြီး ပြန်ရန် ကားရပ်ခဲ့တဲ့ Basement 1
ကိုဆင်းလာခဲ့ပါတယ် .. ၂ နာရီကျော်လောက်ဖြစ်နေတော့ စင်တာကို လာတဲ့
ဈေးဝယ်သူတွေ အရမ်းများပါတယ် ... အဲ့မှာ ကားရှင်းဖို့တာဝန်ကျသူတွေက
ကားရပ်နားဖို့ နေရာမရှိဘူးဆိုပြီး B1 ကိုဆင်းလာတဲ့ကားတွေကို ပေးမဝင်တော့ပဲ
B2 ကိုဆက်တက်ခိုင်းပါတယ် ... အဲ့မှာပဲ B1 ကအထွက်ကားနဲ့
အပေါ်ကဆင်းလာတဲ့ကားတွေ လမ်းကြောင်းရောပြီး ပိတ်ကုန်ပါတော့တယ် ... B2
ကိုတက်ခိုင်းတယ်ဆိုလို့ B2 မှာ နေရာရှိတယ်မထင်ပါနဲ့ ...
အပြင်ကိုပြန်ထွက်ခိုင်းတာပါ .. ကျွန်မ B1 ကထွက်လာတော့ အထဲမှာ ကားရပ်ဖို့
နေရာ တော်တော်များများ လွတ်နေပါပြီ .. ဒါပေမဲ့ ကားရှင်းပေးတဲ့သူ မသိလို့
မသွင်းတာလားဆိုပြီး အစ်မရေ ကားတွေ နေရာလွတ်နေပြီ .. ဝင်လို့ ရမယ်ထင်တယ်လို့
(ဟုတ်ကဲ့ ... မနေနိုင်မထိုင်နိုင် လျှာရှည်မိပါတယ်) ပြောမိတော့ ... သူက
နင်မြင်ခဲ့ရင် နင့်ကားရပ်ပြီး လိုက်ပြလိုက်တဲ့ .. အဲ့လို တုန့်ပြန်ပါတယ်
... ကျွန်မ အံ့သြလွန်းလို့ ဆက်ကိုမပြောခဲ့တော့ပါဘူး ....
ဒီနေ့ရဲ့
အတွေ့ကြုံအရ တော်ဝင်စင်တာဟာ အရာရှိကစပြီး ဟိုး အောက်ခြေဝန်ထမ်းအထိ
အကျင့်ပျက် စိတ်ဓာတ် အောက်တန်းကျကာ တာဝန်ယူလိုစိတ်ကင်းမဲ့သော လူမဆန်သော
ဝန်ထမ်းဦးရေ များပြားနေတာကို လက်တွေ့သိလဲ့ရပါတယ် ..
ကျွန်မတို့လို
ခံခဲ့ရတဲ့သူတွေလဲ အများကြီး ရှိမှာပါ ... တလောကဖြစ်ခဲ့တဲ့ ဓားထိုးမှု နဲ့တကွ
ပါကင်ထဲမှာရပ်ထားတဲ့ကားထဲက laptop ပျောက်သွားတဲ့ကိစ္စတွေဟာ အဆိုပါ
တော်ဝင်စင်တာ တွင်ဖြစ်လဲ့တာဖြစ်ပြီး ခုချိန်ထိ စင်တာ ဝန်ထမ်းများဟာ
ပြင်ဆင်သင့်သော လုံခြုံရေး .. ဈေးဝယ်လာသူများ၏ သက်တောင့်သက်သာရှိမှုတို့ကို
ယခုတိုင် အရေးမစိုက် လျစ်လျူရှု ထားတာသိပ်ကို သိသာလွန်းပါတယ်
ဒီစာကိုဖတ်မိတဲ့သူတွေလဲ တော်ဝင်စင်တာသွားရင် သတိထားကြပါ ...
အလွန်ရိုင်းစိုင်းသော တာဝန်မဲ့သော လက်လွတ်စပယ် ပြောတတ်သောဝန်ထမ်းတစ်ချို့
နှင့်တကွ သူခိုးဂျပိုးများသော တော်ဝင်စင်တာကို တတ်နိုင်သလောက်ရှောင်ကြပါ
... သွားရင်လဲ သတိထားကြပါရှင်
မှတ်ချက် .... တော်ဝင်စင်တာမှ ဝန်ထမ်းတိုင်းကိုမဆိုလိုပါ ... လက်တွေ့ကြုံခဲ့သော အကြောင်းအရာများကိုသာ မျှဝေခြင်းဖြစ်ပါသည်..