Showing posts with label Facebook Ads. Show all posts
Showing posts with label Facebook Ads. Show all posts

Tour Box Travel and Tour လိမ်လည်မှု

အွန်လိုင်းက ပြည်ပခရီးစဉ်ကြော်ငြာ ငွေရှင်းပြီး လိမ်သွား 









ဖေဖေ က ဒီရက်ထဲ ခရီးထွက်ချင်တယ်ဆိုလို့ ကိုယ်ကလည်း ရုံးထဲကနေ ရုံးပြင်ကို မထွက်ရတဲ့ အခါကြတော့ Facebook မှာ ကြော်ငြာထားတဲ့ ကျွန်းတောလမ်းက Tour Box travel and Tour မှာ ထိုင်းနဲ့ ကမ္ဘောဒီးယား ကို တစ်ယောက်ကို ၅၂၉ ဒေါ်လာ ဆိုတော့ တန်တယ်ဆိုပြီး ဖေဖေ တို့ကို သွားစုံစမ်းခိုင်းတယ်။ ဘုရားဖူးသီးသန့်သဘော၊ လူကြီးတွေလည်းပါတယ် ၊ ဝှီးချဲနဲ့ လူတွေတောင် ပါတယ်ဆိုတော့ ဖေဖေတို့ကလည်း သူတို့ လင်မယား နှစ်ယောက်သွားမယ်ဆိုပြီး ပိုက်ဆံချေခဲ့တယ်။ ဖေဖေတို့က ဒီလ ၂၀ ရက်နေ့သွားရမှာ။ ဖေဖေရေ ခရီးစဉ် နီးပြီ၊ လေယာဉ်ချိန်ဘာညာ confirm လုပ်ဦးဆိုပြောတော့ ဖေဖေဒီနေ့ ဖုန်းဆက်ကြည့်တယ်။ အဲ့ဒီ့မှာ ဖုန်းမကိုင်ဘူးတဲ့.......အဲ့ဒါနဲ့ လပြည့်လည်း ဗိုက်အောင့်နေတဲ့ ကြားကနေ အွန်လိုင်းမှာ ရှာကြည့်တော့ အဲ့ဒီ့ Page က မတွေ့ရတော့ဘူး။ အဲ့ဒါနဲ့ စိတ်ပူပြီး ဖေဖေနဲ့ မျိုးထွေးကို အဲ့ဒီ့ ကုမ္ပဏီကို လိုက်သွားခိုင်းတော့ ပိတ်ထားတယ်တဲ့... အဲ့ဒါနဲ့ ရပ်ကွက်ရုံးက အသိတစ်ယောက်ကိုခေါ်ပြီး ဖေဖေနဲ့ မျိုးထွေးက သူတို့ ပေးထားတဲ့ ဘောက်ချာနဲ့ အမှု သွားဖွင့်တယ်။ အဲ့ဒီ့အချိန် ရဲစခန်းမှာ ကိုယ့်လိုပဲ တိုင်တဲ့သူတွေ အများကြီးတဲ့။ တချို့ ဂျပန်သွားသူတွေဆို ဒေါ်လာ ၂၀၀၀ ကျော်လောက်ပေးထားရတာ။ ပတ်စပို့ ပါသွားတဲ့ သူတွေရောတဲ့။
ရဲတွေ လည်း အလုပ်ရှုပ်နေကြတယ်တဲ့ ။ အင်း။။။။။။။ အွန်လိုင်းရှော့ပင်ပဲ ဖြစ်ဖြစ်၊ အခုလို အွန်လိုင်းကနေခရီးသွားဖို့ စီစဉ်ရင်ပဲ ဖြစ်ဖြစ် သတိထားဖို့ လိုပါတယ်။ အခုဒီကိစ္စဆိုရင်လည်း အွန်လိုင်းခေတ်စားလို့ သူတို့အွန်လိုင်းကနေ ကြော်ငြာသွားတာပါ။ ဒါကြောင့် အွန်လိုင်းဆိုရင် သတိထားကြပါ... ပြည်ပခရီးစဉ် တွေကို လူကြီးမိဘတွေကို နှစ်ယောက်ထဲ မမလွှတ်ချင်ဘူး Tour နဲ့ အဖွဲ့လိုက်လွှတ်ချင်သူတွေဆိုရင် နာမည်ရှိပြီးသား ကုမ္ပဏီနဲ့ သာလွှတ်ပါလို့ အကြံပြုပါရစေရှင့်။ အခုတော့ ဒီကိစ္စကို ဖေဖေနဲ့ မျိုးထွေးတို့ စမ်းချောင်းရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ။သတင်းရေးချင်တဲ့ သူတွေ ဖေဖေ့ကို အင်တာဗျူးလုပ်ချင်ရင် လပြည့်ကို chat box ကနေ ဖုန်းနံပတ်တောင်းရင် ဖုန်းပေးပါ့မယ်။ ခံရတဲ့ သူတွေလည်း မနေ့က အဲ့ဒီ့ကုမ္ပဏီကို သွားဝိုင်းကြတယ်လို့ ပြောပါတယ်။ ။ တရားဥပဒေ စိုးမိုးရေး အတွက် လိမ်လည်သူတွေ ကို အမြန်ဆုံးဖမ်းမိစေချင်ပါတယ်။ ။ ကိုယ့်လိုပဲ အလိမ်ခံလိုက်ရတဲ့ သူတစ်ယောက်ကလည်း Facebook မှာ တင်ထားတယ်။ အဲ့ဒါကိုပါ တွဲတင်ပေးထားပါတယ်။ လူလိမ်တွေ ကျဆုံးပါစေ
အေးလပြည့်
(from Ma Aye La Pyae Win's Facebook Page)
Credit - All original "Public" uploaders





















Missing Person - Thel Thel @ Ingyin Thi - Myanmar (Burma)

Missing Person - Thel Thel @ Ingyin Thi - Myanmar (Burma)
If you have any information, please contact Ma Thidar at (https://www.facebook.com/thidar.hlaing.7) or Phone No. 09 - 4210 45118.
Last seen - 2 months ago
Posted on - April 10, 2016
Source: Ma Thidar - Facebook
========================================
မိဘပြည်သူများနှင့်..သက်ဆိုင်ရာအဖွဲ့အစည်းများရှင့်...
အင်ကြင်းသီ@သဲသဲအားတွေ့ရှိပါက ၀၉- ၄၂၁၀၄၅၁၁၈ သို့ အကြောင်းကြားပေးပါရန်..မေတ္တာရပ်ခံအပ်ပါသည်..,
သန်းဇော်အောင်@ဒန်နီ သည် အင်ကြင်းသီအား..သွေးဆောင်ဖျားယောင်းခေါ်ဆောင်သွားသည်မှာ ၂ လ ရှိပြီဖြစ်ပါသည်..သတင်းပေးသူပြောကြားချက်အရ..အင်ကြင်းသီဧ် မူလမှတ်ပုံတင်အစစ်အားအသုံးအပြုပဲ...အခြားနာမည်အသစ်တစ်ခုဖြင့်မှတ်ပုံတင်အသစ်ပြောင်ပြီး အသုံးပြုနေ ကြောင်းကြားသိရပါသည်..သို့ဖြစ်ပါသောကြောင့်..သမီးပုံဖြင့်ကူညီရှာပေးနိုင်ပါရန်ထပ်မံအကူညီတောင်းခံရခြင်းဖြစ်ပါသည်.,,

=========================================
မိဘပြည်သူများနှင့်..သက်ဆိုင်ရာအဖွဲ့အစည်းများရှင့်...
အင်ကြင်းသီ@သဲသဲအားတွေ့ရှိပါက ၀၉- ၄၂၁၀၄၅၁၁၈ သို့ အကြောင်းကြားပေးပါရန်..မေတ္တာရပ်ခံအပ်ပါသည်..,
သန်းဇော်အောင်@ဒန်နီ သည် အင်ကြင်းသီအား..သွေးဆောင်ဖျားယောင်းခေါ်ဆောင်သွားသည်မှာ ၂ လ ရှိပြီဖြစ်ပါသည်..သတင်းပေးသူပြောကြားချက်အရ..အင်ကြင်းသီဧ် မူလမှတ်ပုံတင်အစစ်အားအသုံးအပြုပဲ...အခြားနာမည်အသစ်တစ်ခုဖြင့်မှတ်ပုံတင်အသစ်ပြောင်ပြီး အသုံးပြုနေ ကြောင်းကြားသိရပါသည်..သို့ဖြစ်ပါသောကြောင့်..သမီးပုံဖြင့်ကူညီရှာပေးနိုင်ပါရန်ထပ်မံအကူညီတောင်းခံရခြင်းဖြစ်ပါသည်.,,

=============================================