Showing posts with label Ni Ni Khin Zaw. Show all posts
Showing posts with label Ni Ni Khin Zaw. Show all posts

နီနီခင်ဇော် Vs. ဦးမျိုးမြင့်သိန်း






Posted by Swe Zin Oo
အမှန်တကယ် ရိုးသားဖို့တော့ လိုပါတယ်

====================
ကျွန်မက အခုတလော ရေပန်းစားနေတဲ့ အဆိုတော်မလေးရဲ့ ပရိတ်သတ် တစ်ဦးပါ။ အန်ကယ်ကြီးနဲ့ သူမရဲ့ ပါတ်သက်မှုတွေကို အန်ကယ်ကြီး အမျိုးတွေ ပြောပြလို့ လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတည်းက သိရှိပြီးသားပါ။ သူ့အသက်အရွယ် သူ့ပညာနဲ့ ဒီလိုမျိုး အဖြစ်အပျက်ကို ထင်မထားလို့ အံ့သြမိပေမယ့် သူ့ကိုယ်ရေးကိုယ်တာမို့ character ကို မကြိုက်ပေမယ့် အနုပညာကိုတော့ ဆက်လက်အားပေးပါတယ်။ 
ဒီရက်ပိုင်းမှာ သူ့ပုံတွေ တက်လာတော့လည်း လူနည်းစုပဲ သိထားရာကနေ လူများစု သိသွားတယ်ပေါ့။ သူပြန်ရှင်းထားတာတွေ့တော့မှ ခုလို လက်ညောင်းခံပြီး ရေးချင်စိတ် ပေါ်လာတာပါ။ အမှန်တရားကို မြတ်နိုးတတ်တဲ့ မိတ်ဆွေတွေတောင် သနားနေကြတာ တွေ့ရပြန်တော့ ပိုပြီး တွန်းအားဖြစ်စေတာပေါ့။ 
သူ သီချင်းဆိုပြိုင်တော့ စီစဉ်သူက အန်ကယ်ကြီးညီမို့ မိန်းမဆုံးထားတဲ့ အန်ကယ်ကြီးနဲ့ ဆုံခဲ့ကြတယ်တဲ့။ မကြာခင်မှာ တရားဝင် လက်ထပ်ကြပြီး အန်ကယ်ကြီးတိုက်ပေါ်ကို အဆိုတော်မလေးရော သူ့အမေပါ တက်နေကြပါတယ်။ လက်ထပ်တဲ့အချိန်မှာ သူက ၁၉ နှစ် အန်ကယ်ကြီးက ၅၉ ပါတဲ့။ အန်ကယ်ကြီးရဲ့ တစ်ဦးတည်းသော သမီးက စိတ်ကျန်းမာရေး ချို့တဲ့သူမို့ အရင် မိန်းမရဲ့ ရတနာ ပစ္စည်းတွေကို မိထွေး ငယ်ငယ်လေးကိုပဲ ဆင်ပါတယ်။ သူအောင်မြင်မှု လမ်းကြောင်းပေါ် ရောက်ချိန်မှာ အိမ်ထောင်ရှိ ဆရာဝန်တစ်ဦးနဲ့ အချစ်ပွဲ ဆင်နွှဲတာ မိန်းမက လာဖမ်းပြီး ရဲစခန်းထိရောက်တာတောင် အန်ကယ်ကြီးက သိန်းဆယ်ဂဏန်းအထိ အကုန်ခံ အချစ်အတွက် ပေးဆပ်ခဲ့သေးတယ်တဲ့။ အန်ကယ်ကြီးအိမ်ကို နာမည်လွှဲပြောင်းပေးဖို့ တောင်းဆိုမှု မအောင်မြင်ချိန်မှာတော့ ကွာရှင်းဖို့ ဖြစ်လာပြီး လွန်ခဲ့တဲ့ ၂ နှစ်ကမှ ကွာရှင်းခဲ့တာပါတဲ့။
လူဆိုတာ ကိုယ်ပြုသည့်ကံ ကိုယ့်ထံလာစမြဲပါ။ ချမ်းသာချင်လို့ ဖြတ်လမ်းလိုက်ခဲ့ပြီးမှ တစ်ယောက်တည်း ကိုယ့်အစွမ်းအစနဲ့ ကြိုးစားခဲ့ပါတယ် ဆိုတာ ရယ်စရာကြီးပါ။ အိမ်ထောင်ကျဖူးတာ အပြစ်မဟုတ်ပါ။ ရိုးသားချင်ယောင်ဆောင်ပြီး တစ်ဖက်သားကို ထင်ယောင်ထင်မှားဖြစ်အောင် မုသားစကားတွေ သုံးတာသာ ရှက်စရာကောင်းတာပါ။
နောက်တက်လာမယ့် အနုပညာ မျိုးဆက်သစ်တွေရဲ့ စိတ်ထဲမှာ လုပ်ချင်တာလုပ်ပြီး ပရိတ်သတ်ကို မျက်ရည်ခံထိုးလိုက်ရင် ရတယ်လို့ အစဉ်အလာ မဖြစ်စေလိုပါ။ အနုပညာရှင်များလည်း ပြောင်းလဲချိန် တန်ပါပြီလို့ . . .

ဆက်စပ်ပို့စ် - နီနီခင်ဇော်သတင်းစာ ကြေငြာချက်