စိုးမြတ်နန္ဒာ၊ လင်းလင်း၊ နိုင်မွန်အောင်သွင် မှတ်တမ်း
ဖြစ်စဉ်အကျဉ်းချုပ်
၁။ နိုင်မွန်အောင်သွင်မှ မြန်မာရုပ်ရှင်ဆိုင်ရာ ကဗျာတစ်ပုဒ် ရေးသည်။
၂။ အဆိုတော်လင်းလင်းမှ နိုင်မွန်အောင်သွင်နှင့် အမြင်တူကြောင်း ထောက်ခံရေးသား ပို့စ်တင်သည်။
၃။ အဆိုတော်လင်းလင်းမှ နိုင်မွန်အောင်သွင် ကဗျာအား ထောက်ခံသည်ကို စိုးမြတ်နန္ဒာမှ စကရင်ရှော့ ယူကာ ပို့စ်တင်သည်။
========================================================
Naing Mon Aung Thwin's Poem
==============================================================
The below screenshots copied from a public post
=========================================================
Ivan Oo (Myo Chit Myanmar)'s Public Post
မီး က မမှန် ဖုန်း ကလဲ လိုင်း မရ Internet ကလဲ သိပ်မကောင်းဆိုတဲ့ တိုင်းပြည်ကြီးမှာရောက်နေတော့ လိုရင်းဘဲ ပြောပါရစေဗျာ။
ဒီလိုပါ ...
နို
င်မွန်အောင်သွင် ဆိုတဲ့ ကျွန်တော်လဲ တစ်ခါမှ မကြားဖူးတဲ့ လူတစ်ယောက်က
ရုပ်ရှင်လောကကို ချိုးချိုးဖဲ့ဖဲ့ နှိမ့်ချစော်ကားထားတဲ့ စာတစ်စောင် FB
မှာတင်လိုက်တယ်။
အဲ့ဒါ ဘာမှ ပြသနာမရှိပါဘူး။
ကျွန်တော်တို့ ရုပ်ရှင်သမားတွေဆိုတာ ..
ပရိသတ်တွေရဲ့ ချိးကျူး ထောက်ခံ ဝေဖန် ကဲ့ရဲ့ ပျက်ရယ် နှိမ့်ချ စော်ကား
လှောင်ပြောင် အတင်းအဖျင်း ကောလဟာလ ဆိုတာတွေကို နောက်ကွယ်တင် မဟုတ်
မျက်နှာချင်းဆိုင်ပါ ရင်ဆိုင်နေကြပါ။
ဒါတွေအတွက် နှလုံးသားအပါအဝင် အာရုံငါးပါးလုံးမှာ အသားမာ တက်နေပြီးသား 'လူ' တွေပါ။
ဒါပေမယ့် ဒီ Post ကို ချစ်သုဝေ ရဲ့ အမျိုးသား လင်းလင်းဆိုတဲ့
ဂီတလိုင်းကလူက ပြန် Share ထားတဲ့ အခါမှာ သူကိုယ်တိုင်ကပါ ဒါကို မှန်တယ်လို့
ထောက်ခံတဲ့သဘောတွေထပ်ကွန့်ရေးပြီး Share လိုက်တယ်။
ဒါဟာ အနုပညာသမား (Artists) တွေရဲ့ ကျင့်ဝတ် (Ethical Code) ကို ချိုးဖေါက်လိုက်တာဘဲ။
ကျွန်တော်တို့ ရုပ်ရှင်လောကသားတွေအားလုံးမှာ တူတဲ့ စိတ်တစ်ခုရှိတယ်။
ကိုယ့်အချင်းချင်း ဘယ်လို ဆဲဆိုဆက်ဆံနေပါစေ နာကျင်ခြင်းကင်းတယ်။
စိတ်ဆိုးကြလဲ ခဏပါဘဲ။
ဒါပေမယ့် သာမန်ပရိသတ်မဟုတ်တဲ့ အခြား နယ်ပယ်က အနုပညာသမားတစ်ယောက်ယောက်က
ကျွန်တော်တို့ကို ချိုးနှိမ် စော်ကားလာရင်တော့ သည်းမခံနိုင်ကြဘူး။
အဲ့ဒါဟာ တစ်ကယ်တော့ ကျွန်တော်တို့ချည်းဘဲ ဖြစ်တတ်တဲ့ စိတ်မဟုတ်ဘူး။
ဥပမာ ဆရာဝန် တစ်ယောက်က တစ်ခြားဆရာဝန်တွေကို ဝေဖန်ထားတဲ့စာကိုဖတ်ရလို့ ဘယ်ဆရာဝန်ကမှ ပေါက်ကွဲမှာ မဟုတ်ဘူး။
စိတ်ထဲ သဘောမတွေ့တောင် သြော် သူလဲငါတို့ထဲကတစ်ယောက်ဘဲလေ ဆိုပြီး သည်းခံပေးနိုင်ကြလိမ့်မယ်။
ဒါပေမယ့် ဆရာဝန်မဟုတ်တဲ့ (ဥပမာ) အင်ဂျင်နီယာ တစ်ယောက်က ဆရာဝန်တွေကို ဝေဖန်ကြည့်ပါလား ...
ရှိသမျှ ဆရာဝန်တွေအားလုံး ဆတ်ဆတ်ထိမခံ ဝိုင်းတုံ့ပြန်လိမ့်မယ်။
ဒါဟာ လူသားစိတ်ပညာရဲ့ အခြေခံကျတဲ့ သဘာဝတစ်ခုပါဘဲ။
လင်းလင်းဟာ အနုပညာလောကထဲကဆိုပေမယ့် သူဟာ ဂီတသမားသာဖြစ်တယ်။
သူ ချစ်သုဝေ နဲ့ လက်ထပ်လိုက်တာနဲ့တော့ ရုပ်ရှင်လောကကို စော်ကားဝေဖန်ခွင့် Automatic မရှိလာဘူး။
ဘာလို့လဲဆိုတော့ ဒါ သူ့ နယ်ပယ် (ခွင်) မဟုတ်ဘူး။
သူဟာ ချစ်သုဝေကြောင့် ရုပ်ရှင်လောကကို ဆိုင်လာတာဘဲရှိတယ် မပိုင်သေးဘူး။
ပိုင်ချင်ရင် ကိုယ်တိုင် ကားဝင်ရိုက် နောက်ဆုံး မီးထိုးမှန်ထိုးဘဲလုပ်လိုက်ဦး ဒါဆိုတစ်မျိုးပေါ့။
ဒီနေရာမှာ တစ်ချို့က နားမလည်လို့ စောတက တက်တယ်။
ေ
ရးတာက နိုင်မွန်အောင်သွင် .. ဘာလို့ လင်းလင်း Share တာကို အပြစ်ဖို့နေလဲဆိုပြီးတော့ပေါ့ ...
ဒီလို အပေါ်ယံတွေးလို့မရပါဘူး။
ဥပမာ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ကို လမ်းဘေးမှာနေတဲ့ မာမွတ်ကြီးဆိုတဲ့
လူတစ်ယောက်က FB မှာ ပေါင်ကြားကဟာနဲ့ တိုင်းပြီး ဆဲဆိုရေးသားထားတယ်ဆိုပါစို့
...
အဲ့ဒါကို မကြိုက်တဲ့ သူတွေကဘဲ ဝိုင်းထောပဏာပြုကြလိမ့်မယ်။
NLD က လူကြီးတွေနဲ့ အမေစု တို့ ပြန်ကြားသွားလို့လဲ သူတို့က ခေါင်းထဲတောင် ထည့်နေမှာ မဟုတ်ဘူး။ ထည့်ဖို့လဲ မလိုဘူးလေ။
ဒါပေမယ့် အဲ့ဒိ Post ကိုဘဲ ဦးရဲထွဋ် မိန်းမက ပြန် Share လိုက်တယ် ဆိုပါစို့ ...
အဲ့ဒိမှာ Shock အကြီးကြီးဝင်ပြီ။
လမ်းဘေးက မာမွတ်ကို အပြစ်တင်လို့မရတော့ဘူး ၊ ဒါကို ပြန် Share တဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် ဟာ အပြစ်ရှိသူဖြစ်လာလိမ့်မယ်။
ဆိုလိုတာ နားလည်ကြမယ်ထင်ပါတယ်။
ကျွန်တော်တို့ စိတ်ဆိုးတာ နိုင်မွန်အောင်သွင် ရေးထားတဲ့စာကြောင့်လို့ ပြောလို့ရပေမယ့် ရေးသူဟာ အဓိက မကျဘူး။
သူ့မိန်းမ ချစ်သုဝေ ကိုယ်တိုင်လဲ ရုပ်ရှင်လောကကြောင့် ဒီနာမည်တစ်လုံးနဲ့
ဒီနေ့ ဒီနေရာရောက်လာတာကို သိသိကြီးနဲ့ ရုပ်ရှင်လောကကို
စော်ကားထားတဲ့စာကိုမှ ပြန် Share ထားတဲ့ လင်းလင်း ရဲ့ Attitude ကို
မနှစ်မြို့ကြတာဘဲ။
ကျွန်တော်တို့ ရုပ်ရှင်လောကသားတွေဟာ Perfect တော့မဟုတ်ကြပါဘူး။
ဒါပေမယ့် အချင်းချင်းသာမတည့်ရင်နေမယ် တခြားအလွှာက လူတွေကိုပါ တည့်အောင်တော့ ပေါင်းတတ်ကြပါတယ်။
အထူးသဖြင့် ဂီတလောက နဲ့ စာပေလောကဟာ ကျွန်တော်တို့နဲ့ ကင်းကွာလို့မရမှန်းသိတော့ တော်ရုံနဲ့ ဘယ်တော့မှ အငြိမခံကြပါဘူး။
ဒါပေမယ့် မနေ့က လင်းလင်း လုပ်လိုက်တဲ့ လုပ်ရပ်ဟာ ဂီတ နဲ့ ရုပ်ရှင် နှစ်လောကလုံးကို ရန်မီး စမွှေးပေးလိုက်တာပါဘဲ။
ဒါကို နားလည်ခံစားလိုက်ရတဲ့ ဒါဒါက ဒေါသထွက်ပြီး လင်းလင်းရေးထားတာနဲ့ Share ထားတာတွေကို SS ရိုက်တင်လိုက်တယ်။
တစ်ကယ်က လင်းလင်းရေးလိုက်တာကို စိတ်ဆိုးတာ ဒါဒါတစ်ယောက်တည်းမဟုတ်ဘူး ရုပ်ရှင်တစ်လောကလုံးနီးပါးဘဲ။
သူက အကုန်လုံး သိမ်းကျုံးစော်ကားလိုက်တာကိုး ...
ဒါပေမယ့် လူကြီးတွေကတော့ ဘာမှ Public မှာ ဒဲ့ပြန်မပြောပေမယ့် စိတ်ထဲမတော့
လင်းလင်းဆိုတဲ့ကောင်က ဘာကောင်မို့ ဒီစကားပြောတာလဲ ဖြစ်ကုန်ကြတယ်။
အထူးသဖြင့် NLD အာဏာရစ အချိန်မှာ ဒေါ်စု Driver / ထီးကိုင် က ခုလိုပြောလိုက်တော့ ပို ခံရခက်ကုန်ကြတယ်။
ဒါကြောင့် အားလုံးနီးပါး ထုတ်မပြောပေမယ့် ဒါဒါ့ဖက်မှာရှိကြပါတယ်။
ဒီတော့ ချစ်သုဝေ ကလဲ သူ့ ယောက်ျားထိတော့ စာပြန်ရေးပြီး လူအများကြီးကို TAG လိုက်ပြန်လုပ်တယ်။
အဲ့ကနေစပြီးငြိကုန်ကြတော့ နောက်ဆုံး လင်းလင်းက ဒါဒါ့ကို Debate လုပ်မယ် သတ္တိရှိရင်ထွက်ခဲ့ဆိုတာမျိုးတွေ Challenge လုပ်တယ်။
(၁) ယောက်ျား နဲ့ မိန်းမ စကားခြင်းပြောနေရင်း အဲ့လို လူမိုက်ဆန်ဆန် စိန်ခေါ်တာဟာ တော်တော်ရှက်ဖို့ကောင်းပါတယ်။
ဒါတောင် FB မှာမို့ပေါ့ ၊ အပြင်မှာဆို ဟျောင့် 1 by 1 ဆွဲမလားဆိုပြီး ဒါဒါ့ကို ရင်ဘတ်က ဆောင့်ဆွဲမယ့် သဘောရှိတယ်။
(လေးစားစရာပါဘဲ)
(၂) လင်းလင်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရံတော်ဆိုပြီး မနေ့တစ်နေ့ကမှ ဘွားကနည်း ဆံပင်တရမ်းရမ်းနဲ့ပေါ်လာသူဖြစ်တယ်။
သူတို့ လင်မယား ၂၀၀၇ တုန်းက ဘာတွေလုပ်နေလဲ ၊ ဒေါ်စု အချုပ်ကျနေတုန်းက ဘာတွေလုပ်ပေးခဲ့လဲ ဘယ်သူမှ မသိဘူး။
(ငါဘာတွေလုပ်ပေးခဲ့ဖူးလဲ သိချင်ရင် စုံစမ်းလိုက်ပါ)
(၃) ခု NLD ကောင်းကင် ရွှေရောင်သန်းကာစပြုလာတဲ့ အချိန်မှာမှ သူတို့ဟာ မေမေ့သားသမီးတွေဖြစ်လာတဲ့သူတွေဖြစ်တယ်။
ဒီတော့ ရှင်းရှင်းပြောရရင် Free Show မှာ ရှေ့ဆုံးက တန်းစီထားတဲ့သူတွေဆိုတာထက် ဘာမှပိုလေးစားစရာမရှိဘူး။
(အားတော့ နာပါရဲ့ ဒါပေမယ့် အမှန်တွေပါဘဲ)
ဒီတော့ အဆုံးသတ်ပြောချင်တာက လင်းလင်းတို့ ထရီဇာတို့ရေ ...
ကိုယ့်ခွင်ကိုယ်ဆက်ရိုက်ကျပါ ..
မင်းတို့ အသံတွေ အားလုံးကြားပါတယ် တိုးတိုးဘဲပြော နားနားပြီးပြောကြပါ။
ဒါပေမယ့် မရှိရှိတာလေးနဲ့ ရပ်တည်နေရတဲ့ ရုပ်ရှင်လောကကိုတော့ ဘယ်တော့မှ ထပ်မစော်ကားမိပါစေနဲ့ကွာ။
ငါသေချာပါတယ် မရိုက်ရတော့တာ ဘယ်လောက်ဘဲ ကြာနေပါစေ ခုချိန်ထိ ထရီဇာ ညစာစားပြီးတိုင်း လေတက်တဲ့အခါ ဖလင်နံ့တွေ ပါနေဦးမှာပါ။
ရုပ်ရှင်လောကအတွက် ထာဝရသစ္စာဖြင့်
မျိုးချစ်မြန်မာ
(ခေတ္တ ၊ ရန်ကုန်)
=========================================================
Comments under Ivan Oo (Myo Chit Myanmar)'s Public Post
================================================================
Naing Mon Aung Thwin's Post - Sharing
=======================================================
Lu Min's Letter
============================================
လင်းလင်းနှင့် ချစ်သုဝေ မင်္ဂလာဆောင်တွင် တွေ့ရသော စိုးသူ၊ စိုးမြတ်နန္ဒာ