စင်ရော်ကြော်ငြာလုပ်ငန်းမှ ယနေ့ (12-9-2016) ရက်နေ့တွင် Miniso စတိုးဆိုင်ကြော်ငြာ ရိုက်ကူးရေးနှင့် ဖွင့်ပွဲအခမ်းအနားသို့ သရုပ်ဆောင် ဖွေးဖွေးအား ( 1 -9 -2016 ) ရက်နေ့တွင် ကမ်းလှမ်းခဲ့ရာ သရုပ်ဆောင် ဖွေးဖွေးမှ အနုပညာကြေး ကျပ် (45) သိန်းဖြင့် သဘောတူခဲ့ပါသည်။ (9-9-2016) ရက်နေ့တွင် သရုပ်ဆောင်ဖွေးဖွေး လက်ဝယ်သို့ စရံငွေ ကျပ် (20)သိန်း အား ပေးချေခဲ့ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ ရိုက်ကူးခွင့် လျှောက်ထားခဲ့ပါသည်။
(12-9-2016) ရက်နေ့ရိုက်ကူးသည့်နေ့ရက်တွင် ၀တ်ဆင်ရမည့် ၀တ်စုံနှင့်ပတ်သက်၍လည်း ပူးတွဲပါ ပုံများဖြင့်လည်း ဆက်သွယ်ပြီးစီးထားပြီးဖြစ်ပါသည်။ ယနေ့နံနက် (8)နာရီဆိုင်ဖွင့်ပွဲသို့ Miniso ဆိုင်ပိုင်ရှင်နှင့်တကွ ဖိတ်ကြားထားသော နိုင်ငံခြားသားများ ၊ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ပုဂွိုလ်များ ဖွင့်ပွဲဖွင့်လှစ်ရန်
အတွက် ရောက်ရှိနေပြီဖြစ်သော်လည်း သရုပ်ဆောင်ဖွေးဖွေးမှ “ ကျွန်မ အခုမှ အိပ်ယာမှနိုးကြောင်း ၊ ၁၀နာရီ ၁၀နာရီခွဲ ခန့်မှ ရောက်မည်ဖြစ်ကြောင်း” အကြောင်းကြားလာသဖြင့် ဖွင့်ပွဲအခမ်းအနားအား အချိန်နောက်ဆုတ်ပေးခဲ့ပါသည်။
နံနက် (10)နာရီခွဲတိုင်အောင် ရောက်ရှိလာခြင်းမရှိသဖြင့် ဒါရိုက်တာ၊ ကင်မရာမင်း သုံးပေါင်၊ still ကင်မရာ ကိုနိုင်တို့မှ စောင့်ဆိုင်းလျှက် ရှိနေပါသည်။ ထိုအချိန်တွင် စတေကင်မရာ ကိုနိုင်အား ဖွေးဖွေးမှ ယခုကြော်ငြာအား မရိုက်ဖြစ်တော့ကြောင်း အကြောင်းကြားလာပါသည်။ ဖွေးဖွေး၏ ဖုန်းများဖြစ်သည့် 09-5044125 ၊ 09-36363680 ၊ 09-785044123၊ ဖုန်းများအား ဆက်သွယ်သော်လည်း ဒုတိယအလုံးသာ စက်ဖွင့်ထားပြီး ပြန်လည်ဖြေကြားခြင်းမရှိတော့ပါ။ ကြော်ငြာရိုက်ကူးရန်အတွက် Red ကင်မရာငှားခ (8)သိန်း၊ lighting မီးးငှားခ (8)သိန်း ၊ ကင်မရာမင်းငှားခ ၊ စက်အဖွဲ့အင်အား (20) အား တစ်ဦးလျှင် (2)သောင်းနှုန်းဖြင့် ငှားရမ်းခ၊ ရှုတင်ကားငှားရမ်းခ ၊ ကျွေးမွေးစရိတ် စသဖြင့် ငွေကြေး အမြောက်အမြား အသုံးပြုခဲ့ရပါသည်။ နံနက် (၇)နာရီကတည်းကပင် ဒါရိုက်တာအပါအ၀င် ရိုက်ကူးရေးအဖွဲ့ဝင်အားလုံး ရိုက်ကွင်းနေရာသို့ ရောက်ရှိနေရာယူထားခဲ့ပါသည်။ ယခုအခါ ရှုတင်မှာ ပျက်လုနီးပါးအခြေအနေဖြစ်ပေါ်နေပါကြောင်းနှင့် အကယ်၍များ သရုပ်ဆောင်ဖွေးဖွေး မရောက်ရှိလာပါက တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း နှင့် ဖွေးဖွေးနေရာတွင် အစားထိုး ၇ိုက်ကူးသွားမည်ဖြစ်ပါကြောင်း ချစ်စွာသော ပရိတ်သတ်များအား အသိပေးအပ်ပါသည်။
လေးစားစွာဖြင့်
စင်ရော်မောင်မောင်
သက်သေများ ။ (1) Miniso စတိုးဆိုင်ပိုင်ရှင်၊ Director of Photography သုံးပေါင်၊ Director of Still Photographer ကိုနိုင်