စင်ကာပူရဲ့ အောင်မြင်မှုလျှို့ဝှက်ချက် ၃ချက်

စင်ကာပူရဲ့ အောင်မြင်မှုလျှို့ဝှက်ချက် ၃ချက်
============================
ပထမအချက်
************
တာဝန်ပေးတဲ့နေရာမှာ အမှန်တကယ် တတ်သိနားလည် လုပ်နိုင်ကိုင်နိုင် လုပ်ချင်ကိုင်ချင်တဲ့ လူကိုသာ တာဝန်ပေးခြင်း
(လူမျိုး ဘာသာ အသက် ကျား/မ ဆွေမျိုး မိတ်ဆွေ စတဲ့အချက်တွေကို မကြည့်)
ဒုတိယအချက်
*************
လူထုရဲ့ စားဝတ်နေရေး ပညာရေး ကျန်းမာရေး
အလုပ်အကိုင်ပေါများရေး တွေကိုအဓိကထား လက်တွေ့ကျတဲ့နည်းတွေနဲ့ ဦးစားပေးပြီး လက်တွေ့ကျကျဖြေရှင်း။
အပိုဆာဒါး မယောင်ရာဆီလူး စိတ်ခံစားချက်နဲ့ပတ်သက်တဲ့ဟာတွေ ငွေအပိုကုန်မယ့်ဟာတွေ နည်းနိုင်သမျှ နည်းအောင်လျော့။
တတိယအချက်
**************
ရိုးသားတဲ့ ခေါင်းဆောင်တွေရှိမှု
အကျင့်ဖျက် ခြစားမှုဟာ ဖွံ့ဖြိုးမှုနှေးတဲ့ လူနေမှုအဆင့်ဆင်းရဲနိမ့်ကျတဲ့ တိုင်းပြည်တွေအတွက် အကြီးဆုံး အဟန့်အတားဆိုတာကို ကောင်းစွာလက်ခံပြီး ထိပ်ပိုင်းခေါင်းဆောင်တွေကအစ (အတိုက်အခံတွေကပါ ယုံကြည်လောက်ရအောင်) ရိုးသားစွာ တိုင်းပြည်ကို ခေါင်းဆောင်ခဲ့ကြတယ်။ အဂတိ ခြစားမှုကို ပြတ်သားစွာ နှိပ်ကွပ်ခဲ့ကြတယ်။
အဲဒီ ၃ ချက်ကိုလိုက်နာမယ်ဆိုရင် ဖွိံ့ဖြိုးတိုးတက်ပြီး
စင်ကာပူကဲ့သို့ အောင်မြင်တဲ့ နိုင်ငံတခုတည်ထောင်နိုင်မှာ ဖြစ်တယ်လို့ စင်ကာပူ အမျိုးသားတက္ကသိုလ် Lee Kuan Yew School of Public Policy ကျောင်းအုပ် Kishore Mahbubani ကပြောပါတယ်။
ကျမအမြင်တော့ တတိယအချက်ကတော့ရှိနေပြီ။
ပထမအချက်ကတော့ အနည်းဆုံးတော့ အစပျိုးနေပြီပေါ့။
အဲ.. ဒုတိယအချက်ကတော့ မပြောင်းလဲသေးဘူးထင်တယ်။
Credit - မြအိန္ဒြာနွယ်
https://www.facebook.com/myaendra.nwe/posts/1746625058689987