ပုဂ္ဂလိကဆေးရုံနဲ့ အမှန်တရားအကြောင်း - Sai Thura Hark Hang

အမှန်တရားကိုထောက်ပြချင်လို့ပြောပြတယ်
====
မြန်မာပြည်ကပုဂ္ဂလိကဆေးရုံလို့တော့ပြောတာပဲ
မြန်မာပြည်ကသမားတော်လို့တော့ပြောတာပဲ
မြန်မာပြည်ကအကောင်းဆုံးဆေးရုံလို့တော့ပြောကြတာပဲ
အဲဒီဆေးရုံကဆရာဝန်ကအရမ်းတော်ကြတယ်လို့ပြောကြတာပဲ
ကျတော်အစကအဖေရဲ့ရောဂါကို မြန်မာပြည်မှာကုသဖို့စဉ်းစားဖူးတယ် ကုလဲကုခဲ့ဖူးတယ် အကြိမ်ပေါင်းမရေတွက်အောင် ဆေးရုံမှာသွားကုခိုင်းဖူးတယ်
အဖေကတီဘီဆေးကိုးလသောက်ဖူးတယ်
လည်ပင်းမှာအကျိတ်ကထွက်တယ် ကျောက်ကပ်မှာကျောက်တည်တယ် အစိုးရဆေးရုံလဲပြသတယ် လည်ပင်းကအကျိတ်ကိုခွဲတယ် မကြာဘူး နောက်တစ်နေရာထပ်ထွက်တယ် ကိုယ်ကလဲစိုးရိမ်လို့ ရန်ကုန်လာစေပြီး အကောင်းဆုံးပုဂ္ဂလိကဆေးရုံပြတယ်
အဲဒီပြတဲ့နေ့မှာ ဆရာဝန်နဲ့တွေ့ရဖို့ အချိန်နှစ်နာရီမကစောင့်ရတယ် မနေနိင်လို့ information ကသူနာပြုကိုမေးတယ်
မကြည်မသာမျက်နာနဲ့ နံပါတ်မရောက်သေးတဲ့အကြောင်းပြောတယ် ကိုယ့်အလှည့်ရောက်တော့အဲဒီဆရာဝန်အခန်းထဲအဖေနဲ့လိုက်ဝင်တယ် သနားတော်ကြီးဆိုတဲ့ဆရာဝန်
အဖေအခြေနေဖိုင်ကိုစစ် ဟိုမေးဒီမေးနဲ့ နောက်တစ်ပါတ်ချိန်းတယ် (စကားပြောတာ ၅ မိနစ်တောင်ကြာမယ်မထင်ဘူး) ကိုယ်ကအဖေနဲ့နယ်ကလာတဲ့အကြောင်း ကျတော်ကိုယ်တိုင်လဲအလုပ်ကိစ္စရှိလို့ မနက်ဖြန်ချိန်းဖို့တောင်းဆိုတယ် မရဘူးဆိုတော့ မတတ်နိင်ဘူး အလုပ်ခွင့်ထပ်ယူလိုက်ရတယ် နောက်ပတ်ရက်ချိန်းမှာ အဖေကိုဓာတ်မှန်တွေရိုက် သွေးစစ်နဲ့ အဖေလည်ပင်းကအကျိတ်ကို မနက်ဖြန်ခွဲမယ်ဆိုပြီး နောက်နေ့ချိန်းပါတယ် အကျိတ်ခွဲပြီးလို့ အဖေကျောက်ကပ်အခြေနေကိုစစ်တယ် ကျောက်ကပ်မကောင်းဘူး လဲရင်လဲ မလဲရင် ခွဲဖို့ပြောတယ်
အဆိုးဆုံးက ခန့်မှန်းသလောက် အဖေဆီးအိမ်ကင်ဆာဖြစ်နိင်တယ်လို့ဆိုတယ်
ကျတော်ကလဲ အဖေအကျိတ်ခွဲထားတာရက်ပိုင်းပဲမို့တစ်ပါတ်လောက်အနားယူပြီးမှ အူလမ်းကျောင်းမခွဲလိုသေးတဲ့အကြောင်းပြောတဲ့ မင်းကဆရာဝန်လား ငါကဆရာဝန်လား ဆိုပြီးပြောလေရော US ကကျတော့်သူငယ်ချင်းဆရာဝန်က အဖေရဲ့ ct အဖြေလွှာကိုကြည့်ချင်လို့ ပြောထားတော့
ကျတော်အဲဒီဆရာဝန်ဝန်ကို အဖေရဲ့ ct တောင်းတော့ပိုဆိုး မျက်ထောင့်နီနဲ့မဟောက်ရုံတမယ်
ထားလိုက် သည်းခံလိုက်တယ်
ကုန်ကျမူ့တော့ စုစုပေါင်း ၈ သိန်းကျော်
ကျေ၊က်ကပ်မကုရသေးဘူး
ခွဲထားတဲ့အကျိတ်သန့်ရှင်းရေးလုပ်ဖို့အဖေကိုလာပို့တယ်
သူနာပြုအခန်းရှေ့မှာဝါဂွင်းအသစ်သွင်းနေတာမြင်ရပေမယ့် ဦးလေးနာလား မနာဘူးလား တချက်မှမမေး တာဝန်တခုလိုဂွမ်းတွေသွင်းနေတာသက်မဲ့ကျောက်ရုပ်အတိုင်း
ပြီးလဲပီးရော သူနာပြုမလေးက
ထွက်လို့ရပြီဆိုတဲ့စကားတခွန်းပဲပြောတယ်
ကိုယ်တိုင်မြင်နေရတော့စိတ်ထဲမကောင်း
တပါတ်လောက်ကြာတော့ အဖေကိုကျောက်ကပ်ကိစ္စဖုန်းဆက်လာတယ် အဖေလည်ပင်းကအကျိတ်ကလဲရောင်နေတုန်း ကျတော်စဉ်းစားရပြီ အဲဒါနဲ့ ရှမ်းပြည်တချက်ပြန်လာတဲ့အကြောင်းပဲပြောလိုက်တယ် ကျတော်အဖေနဲ့အတူ ဘန်ကောက်လေယာဉ်လက်မှတ်ဖြတ်လိုက်တယ် Silon မှာနေတဲ့မိတ်ဆွေအကူညီနဲ့ အနီးနားဆုံးဆေးရုံး Chulalongkorn hospital (အစိုးရဆေးရုံ )အဖေကိုခေါ်သွားတယ်
Passport ပြပြီးဆေးရုံကဒ်လုပ်တယ် ကဒ်ရဖို့စောင့်ယူနေတဲ့ချိန် သူနာပြုတွေကဝှီးချဲနဲ့အဖေကို သွေးစစ်ဖို့ ဆီးစစ်ဖို့ လေးထပ်မှာရှိနေမယ့်အကြောင်း
ကျတော်ကဒ်ရလို့လိုက်သွားတော့ အဖေကဆေးရုံဝတ်စုံနဲ့ဝှီးချဲပေါ်ကနေ သွေးနဲ့ ဆီးတောင် စစ်ပြီးလို့ စောင့်နေပြီ ၃၀ မိနစ်လောက်ကြာတော့ ကျတော့်နာမည်နဲ့အဖေနာမည်ခေါ်ပြီး ဆရာဝန်အခန်းဝင်ရတယ်
ဝင်ဝင်ချင်း ဆဝဒ်ဒီခပ် (မင်္ဂလာပါ) ဆိုပြီး အရိုသေဆုံးရှိခိုးပြီးပြုံးပြုံးလေးနှုတ်ဆက်တယ် ခုနကစစ်ထားတဲ့သွေးနဲ့ဆီးအဖြေက ဆရာဝန် computer ထဲ online system နဲ့အသင့်ရှိနေပြီ ကျတော်ကလဲအဖေလည်ပင်းကအကျိတ်အခြေနေပြောတယ် ပထမအကျိတ်နေရာက အသားမာ နဲ့ အမာရွက်ဖြစ်နေသလို ရန်ကုန်ကခွဲထားတဲ့အကျိတ်နေရာမှာလဲ တစ်လက်မဝန်းကျင် မကျက်တကျက် ဆရာဝန်စစ်ကြည့် သူနာပြုခေါ်လိုက်ပြီး ၁၄ ထပ်ပို့ပေးတယ် အဲဒီမှာ နောက်တယောက်ဆရာဝန်က ရန်ကုန်ကဆေးစာရွက်တောင်းတော့ ရန်ကုန်ကဆရာဝန်မပေးလာတဲ့အကြောင်း ကိုယ့်ဖာသာလာကုတဲ့အကြောင်းပြောတော့ ရပါတယ်တဲ့ အဲဒါနဲ့အဖေလည်မင်းကို scan ရိုက် သေသေချာချာပြန်စစ်ပြီး အကျိတ်ထပ်ခွဲဖို့ပြင်ဆင်တယ် ရန်ကုန်ကခွဲလာတဲ့နေရာနဲ့ နောက်အဖုထွက်လာဆဲနေရာ ၂ နေရာခွဲတယ် အသစ်ခွဲပေးတဲ့နေရာက 4cm လောက်ပါပဲ အဟောင်းနေရာမှာတော့ ခွဲထားတာအမြစ်မကုန်သေးတဲ့အကြောင်းပြောတယ် ကြာချိန် တစ်နာရီ မပြည့်ပါဘူး
ကျောက်ကပ်ဆရာဝန်ဆီသူနာပြုပြန်လာပို့တယ် အဖေကို ဒီညဒီမှာထားပေးလို့ရလားမေးတယ် ဘာလို့လဲဆိုတော့ မနက်ဖြန် ၉ နာရီမှာအဖေကျောက်ကပ်နဲ့အူလမ်းကြောင်းအတွက် အမ်ထရာဆောင်း စစ်ဖို့က အစားစာ ၁၂ နာရီထိန်းချုပ်ရမယ်ဆိုတော့ အဖေကိုဆေးရုံမှာပဲအခန်းတခန်းစီစဉ်ပေးလိုက်တယ် နောက်နေ့ ကျတော် ဆယ်နာရီခွဲဆေးရုံရောက်တော့ အဖေက xray တောင်ပြီးနေပြီ သူတို့ဆရာဝန်သုံးလေးယောက်ထင်တယ် အချင်းချင်းတိုင်ပင်ပြီးကျောက်ကို လေဆာနဲ့ပစ်ဖို့ကျတော့်ကိုပြောတယ်
စောင့်ချင်ရသလို ကိစ္စရှိမယ်ဆိုရင်လဲ ညနေ ၅ နာရီအဖေကိုလာကြိုပေးနိင်တဲ့ပြောတယ်
ကျတော်လဲစောင့်နိင်တဲ့အကြောင်း ပြောပြီးအဖေအတွက်ယူထားတဲ့အခန်းမှာအနားယူနေလိုက်တယ်
၅ နာရီထိုးတော့သူနာပြုလာခေါ်ပြီး ကုန်ကျမူ့အတွက် အဖေအတွက်လိုအပ်မယ့်သောက်ဆေးအတွက်စီစဉ်ပြီး ဆရာဝန်ကိုနှုတ်ဆက်တယ် မနက်ဖြန်အဖေလည်ပင်းတချက်သန့်ရှင်းရေးလာလုပ်ပေးပြီးရင် မြန်မာပြည်ပြန်လို့ရပြီဆိုပြီး ဆရာဝန်ကပြုံးပြုံးချိုချိုနဲ့နှုတ်ဆက်တယ်
နောက်နေ့အဖေလည်ပင်းကခွဲထားတဲ့အနာကိုသန့်ရှင်းရေးလုပ်ဖို့သွားပို့တယ် သူနာပြုတစ်ယောက်က ချက်ချင်းကြိုဆိုတယ် အနွေးထွေးဆုံးနဲ့ ဂရုတစိုက်ပြုံးပြပြီး သန့်ရှင်းရေးလုပ်ပေးနေတာ သမီးတယောက်က ကိုယ့်အဖေကိုပြုစုနေတဲ့အတိုင်း
ကုန်ကျမူ့စုစုပေါင်း
အဖေအတွက်လူနာကဒ် 50 baht
သွေးစစ် ဆီးစစ် 350 baht
အကျိတ်ခွဲ 300×2=700 baht
အကျိတ်သန့်ရှင်းရေး 2 time 100 baht
ကိုယ်တိုင်သန့်ရှင်းဖို့ ဂွမ်းအရက်ပြန် ပါတ်တီး 150 baht
ဆေးရုံမှာအဖေအိပ်ခ VIP room 1,500 baht
အမ်ထရာဆောင်းရိုက်ခ 1300 baht
ကျောက်လေဆာပစ် 3,200 baht
တစ်လစာသောက်ဆေး 850 baht
Service 300 baht
Total 8,200
မြန်မာကျပ်ငွေနဲ့ သုံးသိန်းခွဲတောင်မကုန်
လေယာဉ်ခနဲ့အပါ ၅ သိန်းထားလိုက်
အပြန်လေဆိပ်မှာ အတူပြန်တဲ့သူကိုသတိထားတော့
ထက်ဝက်လောက်က သက်လက်ပိုင်းအရွယ်
ထက်ဝက်လောက်က ဆေးလာကုကြတဲ့သူတွေ
စကားကြုံလို့ဘေးနားကအန်တီနဲ့စကားပြောကြည့်တယ်
ရန်ကုန်ပုဂ္ဂလိဂဆေးရုံမှာ နှလုံးကုတာ တစ်နစ်ကျော်ကြာခဲ့ပြီ သိန်းရာနဲ့ချီကုန်ခဲ့ပြီ မထူးလို့ဆိုပြီး ထိုင်းမှာလာကုတာ baht 40000 ကျော်ပဲကုန်တယ်ပြောတယ်
မြန်မာငွေနဲ့တွက်နဲ့ ဆယ်သိန်းနဲနဲပဲကျော်တယ်
့မြန်မာပြည်ကဆရာဝန်တွေကအကျိတ် သိုမဟုတ် တစ်ခုခုခွဲရင် အမာရွတ်ကျန်နေအောင် ရုပ်ဆိုးအကျည်းတန်အောင်ဖြစ်သလိုခွဲတယ်
ထိုင်းကဆရာဝန်က တစ်ခုခုခွဲစိတ်ရင် အတတ်နျင်ဆုံးအမာရွက်မကျန်အောင် ခွဲတယ်
မြန်မာပြည်က ကျောက်ကပ်အတွက်ခွဲဖို့ပြောတယ် (အဲဒါတစ်လလောက်သောင်တင်နေရအုံးမယ်)
ထိုင်းကဆရာဝန်က ကျောက်ကိုလေဆာနဲ့ပစ်တယ် သုံးနာရီကြာတယ်
မြန်မာပြည်ကအတော်ဆုံးလို့သူ့ကိုယ်သူမှတ်ယူထားတဲ့သမားတော်ဆိုသူက ကျတော့်အဖေကို ကင်ဆာဖြစ်နိင်တဲ့အလားလာတွေ့နေတယ်ဆိုပြီး ထွက်ချက်ဆိုတယ်
ထိုင်းကဆရာဝန်က ကျတော့်အဖေကိုအကုန်စစ်ကြည့်လို့
သူတို့ lab မှာသုံးနာရီထဲနဲ့ ကျတော့်အဖေမှာကင်ဆာမဖြစ်ဘူးဆိုတာ အာမခံချက်နဲ့ ပြောတယ်
မြန်မာပြည်ကဆရာဝန်က ရောဂါကိုဘယ်လိုကုရမယ်ဆိုတာသူတယောက်တည်းဆုံးဖြတ်တယ် လူနာရှင်ဖက်က သိချင်လို့မေးခဲ့ရင် ဟောက်တယ်
ထိုင်းကဆရာဝန်တွေက ချက်ချင်းရောဂါကိုအမြန်ဆုံးရနိင်သလောက်ရအောင်ရှာတယ် သူတို့အချင်းချင်းတိုင်ပင်တယ်
သူတို့ကိုယ်တိုင်သေချာအဖြေမရှာနိင်ရင် တစ်ခြားဆေးရုံကဆရာဝန်ဖြစ်ဖြစ် အကြံညဏ်ချက်ချင်းယူတယ်
လူနာရှင်ကိုရိုသေလေးစားစွာနဲ့အားပေးတယ် ဖော်ဖော်ရွေရွေပြုံး ပြတယ်
မြန်မာပြည်ကသူနာပြုက လူနာကိုမျက်နာတည်တည်နဲ့ မေးထူးခေါ်ပြောလောက်ပဲဆက်ဆံတယ်
ထိုင်းကသူနာပြုက လူနာကိုကိုယ့်ကျေးဇူးရှင်လို စေတနာပါပါပြုံးပြီးလေးလေးစားစားဆက်ဆံတယ် ဂရုစိုက်တယ်
မြန်မာပြည်ကဆရာဝန်က တကြိမ်ပြပြီးရင် တစ်ပတ်ဖြစ်ဖြစ် တစ်လဖြစ်ဖြစ်ရက်ချိန်းတယ်
ထိုင်းကဆရာဝန်က ဖြစ်နိင်ရင်ရောဂါကိုရက်အတိုဆုံးဖြစ်အောင်ကုသပေးတယ်
မြန်မာပြည်ကဆရာဝန်က လူနာရှင်ကို မင်း, ငါ,ခင်ဗျား,ကျုပ်
ဆိုပြီး ရိုင်းပျပျဆက်ဆံတယ်
ထိုင်းကဆရာဝန်က လူနာရှင်ကို ''ခွန်း,ခပ်,ခါ ''
မြန်မာလို ''လူကြီးမင်း ခင်ဗျား,ဗျာ,ရှင့် ''
ဆိုပြီး ရိုရိုသေသေဆက်ဆံတယ်
မြန်မာပြည်ကဆရာဝန်က ရောဂါအခြေနေကိုလူနာရှင်ကို
တိတိကျကျမပြောပဲ ငါသာအတော်ဆုံး ငါအသိဆုံးဆိုပြီး ရမ်းသမ်းပြီးဖြစ်သလိုကု ကုန်ကျမူ့ကိုအဆမတန်တောင်းတယ်
ထိုင်းကဆရာဝန်က ရောဂါကိုနာရီပိုင်းနဲ့ရအောင်စစ်ပြီး လူနာရှင်ကို ဘယ်လိုကုသင့်တယ် ကုန်ကျမူ့ကဘယ်လောက်ရှိမယ်ဆိုတာကို သူတို့နိင်ငံကသတ်မှတ်တဲ့နှုန်းထားအတိုင်း အရင်နားလည်အောင်ရှင်းပြတယ်
ကုန်ကျမူ့လား
မြန်မာပြည်ပုဂ္ဂလိကဆေးရုံမှာကုတာထက်
ထိုင်းမှာကုတာ ကုန်ကျမူ့နည်းတယ်
ကုသမူ့အချိန်လား
မြန်မာပြည်မှာနာတာရှည်လိုရက်ချိန်းနဲ့ကုတာထက်
ထိုင်းမှာရက်တိုတိုလေးနဲ့ကုပေးတယ်
မြန်မာပြည်ကဆေးရုံမှာ မမြင်ရတဲ့အပြုံး နဲ့ နွေးထွေးမူ့
ထိုင်းကဆေးရုံးမှာအမြဲလိုတွေ့နေရတော့ ကိုယ်တောင်လူနာရှင်ကိုစိတ်ပူနေတဲ့ကြား သူတို့ကိုပြန်ပြုံးပြဖို့ ဟန်ဆောင်ပြုံးလုပ်ယူရတဲ့အထိ သူနာပြုတွေ ဆရာဝန်တွေ ကိုယ့်ကိုယ်ရှိခိုးတိုင်း သူတို့ကိုအားနာနေရတဲ့အထိ
ဆေးရုံသန့်ပြန့်မူ့လား
ကျတော်တည်းတဲ့ Lilon မှာ အနီးဆုံးဖြစ်တဲ့ Chulalongkorn hospital ထိုင်းအစိုးရဆေးရုံဆိုပေမယ့် နေရာတိုင်း အထပ်တိုင်း လေအေးပေးစက် ဓာတ်လှေကား ထိုင်ခုံအစ toilet အဆုံး မြန်မာပြည်က five star hotel ထက်ပိုသန့်ရှင်းတယ်
ရောဂါပျောက်နှုန်းလား
ကိုယ့်ဟာကိုယ်တွေးကြတော့
(စာလုံးပေါင်းအမှားပါရင်ပြင်ဖတ်ပါ)
အဲဒီဆေးရုံကိုပြဖို့ မခက်ပါဘူး တခြားထိုင်းကပုဂ္ဂလိကဆေးရုံလိုဆရာဝန်ခေါ်စာလဲမလိုပါဘူး
ထိုင်းတော်ဝင်ပိုင်ဆေးရုံ ထိုင်းအစိုးရပိုင်ဆေးရုံတိုင်း
မည်သည့်နိင်ငံသားမဆို ဆေးကုသခွင့်ရှိပါတယ်
ထိုင်းပုဂ္ဂလိကဆေးရုံထက် ဆေးကုသခ ကုန်ကျမူ့နှုန်း အလွန်သက်သာပေမယ့် ကုသခြင်းစံချိန်စံညွန်းကတော့ အတူတူပါပဲ ဘာလို့လဲဆိုတော့ ပုဂ္ဂလိကဆေးရုံမှာကုသတဲ့ဆရာဝန်အများစုကလဲ chulalongkorn ဆေးတက္ကသိုလ်ကျောင်းဆင်းတွေများပါတယ်
=====
ကိုယ့်ဟာကိုယ်အသက်သာဆုံးနဲ့ ဘယ်လိုသွားမလဲဆိုတော့
1. ရန်ကုန်နေဘန်ကောက်ကို passport နဲ့အလည်ဗီဇာ လေယာဉ်လက်မှတ်ဖြတ်လိုက်ပါ
အခုဆို passport လုပ်တာအင်မတန်လွယ်သလို ကုန်ကျမူ့လဲဘာမှမကုန်တော့ပါဘူး ခန့်မှန်းခြေ သုံးသောင်းကျပ်နဲ့ ၂ ရက်လောက်ဆိုရပါပြီ
Nok air,Thai lion,AirAsia လေယာဉ်လက်မှတ်ကလဲ
Ygn > Bkk > Ygn အသွားပြန်မှ 80$ to 100$ ပဲကျပါတယ် ( အသွားပြန်ကျပ်ငွေတစ်သိန်းဝန်းကျင်)
မြန်မာပြည်ကပြည်တွင်းလေယာဉ်လက်မှတ်ထက်
ထက်ဝက်ကျော်လဲသက်သာပါသေးတယ် မယုံရင်
ရန်ကုန် မြစ်ကြီးနားခရီးစဉ် နဲ့ ရန်ကုန် ဘန်ကောက် ခရီးစဉ်လေယာဉ်ခကို နိုင်းယှဉ်ကြည့်ပါ
2.. Bkk Dongmoung airport ရောက်ရင် ဒုတိယထပ်က A1 or A2 airport bus စီးပါ မစီးတတ်ရင် airport information မေးပါ (မရှက်ပါနဲ့) Jathujak ပန်းခြံမှာဆင်းပါ ကားခက baht 30 ပဲပေးရပါတယ်
3..Jakthujak ရောက်ရင် Underground train or BTS sky train စီးပါ မြေအောက်ရထားရောမိုးပျံရထားရောစီးလို့ရပါတယ်
ရထားလက်မှတ်မဝယ်တတ်ရင် ticket counter မှာ silon station သွားမယ်လို့ပြောပါ
မိုးပျံရထားဆိုရင် SaLaDang (ဆာလားဒယ်) ဘူတာသွားမယ်လို့ပြောပါ ရထားခက baht 40 ဝန်းကျင်လောက်ပဲကျပါလိမ့်မယ်
4.. ရောက်ရင် မြေအောက်ရထားကနေအပေါ်တတ်ပါ
တတ်တတ်ချင်း အထပ်သုံးဆယ်ကျော် king chulalongkong ဆေးရုံတွေ့ပါပြီ မသေချာရင် security တွေလမ်းသွားလမ်းလာမေးပါ ချုလာလွန်ကွမ်ဘယ်နားလဲဆိုတာ
5..တည်းဖို့နေရာမရှာသေးပဲ ဆေးရုံထဲအရင်ဝင်လိုက်ပါ G floor မှာ information ရှိပါတယ် မြန်မာပြည်ကလာတဲ့အကြောင်း ဆေးကုသဖို့အကြောင်း passport ပြလိုက်ပါ
သူတို့ဟာသူတို့ချက်ချင်းဆောင်ရွက်ပေးပါလိမ့်မယ်
အကယ်၍ ကိုယ်ကတော်ရုံ English lanquage အခြေခံလောက်ပဲရရင် ပြောလိုက်ပါ မြန်မာစကားပြန်သူတို့စီစဉ်ပေးပါလိမ့်မယ် အများအားဖြင့်တော့ အစိုးရဆေးရုံမှာ စကားပြန်တစ်ရက်ငှါးခကို baht600 ပဲသတ်မှတ်ထားပါတယ်
နေ့တိုင်းလဲငှါးစရာလဲမလိုပါ
နောက်အကြံတစ်ခုကတော့ကိုယ့်ဖုန်းမှာ Thai, Myanmar app ကိုဒေါင်းထားရင်လဲအဆင်ပြေပါတယ်
ကိုယ်ကလူနာကိုဆရာဝန်တွေစစ်နေတဲ့ချိန် ကိုယ်ကဆေးရုံမှာမအိပ်ချင်ဘူးဆိုရင် ဆေးရုံနားက silon road တစ်လျှောက်လမ်းလျှောက်ထွက်လေ့လာပါ
Hotel တွေ guest house တွေအရမ်းပေါပါတယ်
တစ်ညတည်းခိုခ baht 300 ကနေ 1500 အစားစားရှိပါတယ်
1 baht=42 kyats ဝန်းကျင်
ဆေးရုံလိပ်စာကတော့
1873 rama 4 road,Pathunwan, Bangkok 10330
Hot line ph no 022564000
ဘန်ကောက်လေဆိပ်ရောက်တာနဲ့ ချက်ချင်းထိုင်းငွေသုံးနိင်ဖို့ ရန်ကုန်ကနေမသွားခင် kbz or cb bank မှာထိုင်းငွေအနဲကျည်းကြိုလဲသွားပါ
ကိုယ်ပါသွားတဲ့ USD ကို ဖြစ်နိင်ရင်လေဆိပ်မှာမလဲတာအကောင်းဆုံးပါ လေဆိပ်မှာငွေလဲရင်လေဆိပ်ခွန်နဲ့ပိုပေးရတော့ အပြင်ဘဏ်မှာထက်ပိုရနည်းပါတယ်
ဘန်ဘောက်မှာ နေရာတိုင်း လမ်းတိုင်း ဆေးရုံတိုင်း
ကုန်တိုက်တိုင်းမှာ ပုဂ္ဂလိကဘဏ်ဖြစ်ဖြစ် အစိုးရဘဏ်ဖြစ်ဖြစ် USD ငွေလဲလို့ရသလို ငွေဈေးလဲအတူတူကန့်သတ်ထားပါတယ်
အကယ်၍ ကိုယ့်ရောဂါက ကင်ဆာလို လနဲ့ချီကုရမယ်ဆိုရင်
ကုန်ကျမူ့ကိုလဲအတတ်နိင်ဆုံး save လိုတယ်ဆိုရင် ထိုင်းကပုဂ္ဂလိကဆေးရုံမရွေးချယ်တာအကောင်းဆုံးပါ ထိုင်းမှာ အစိုးရဆေးရုံကော ဘုရင့်တော်ဝင်ဆေးရုံကော ပုဂ္ဂလိကဆေးရုံကော ကုသနည်းအတူတူပါပဲ ဆရာဝန်တွေလဲအတူတူပါပဲ ထိုင်းမှာဘုရင်ကိုယ်တိုင်တောင် ပုဂ္ဂလိကဆေးရုံမတတ်ဖူးပါဘူး စီရီလဒ်ဆေးရုံမှာပဲ တော်ဝင်တိုင်းကုကြပါတယ်
ဘုရင့်သမီးတော် ချုလာဖေါင်းဆေးရုံဆိုရင် အာရှမှာသာမက ကမ္ဘာပေါ်မှာ အသိမှတ်အပြုဆုံးခံရတဲ့ ကင်ဆာဆေးရုံတစ်ခုဖြစ်ပါတယ်
ဖြစ်နိင်ရင် ကင်ဆာရောဂါနဲ့ကုလိုရင် ချုလာဖေါင်းဆေးရုံ
Chulabhorn hospital ရွေးချယ်ပါ ကင်ဆာရောဂါကိုပဲသီးသန့်ကုတဲ့ ဘုရင့်သမီးတော် ချုလာဖောင်းကိုယ်တိုင်ဖွင့်ထားတဲ့ဆေးရုံပါ
အကယ်၍ လူနာရှင်နဲ့မိသားစုဝင် ဘန်ကောက်မှာ ရက်ရှည်ကုသရမယ်ဆိုရင် ဆေးရုံနဲ့မနီးမဝေးမှာ apartment ကို ကိုယ့်ဖာသာငှါးနေပါ ရန်ကုန်ကလို ၆ လကြိုတင်နဲ့ပေးတဲ့ဥပဒေမရှိပါဘူး ၂ လကြိုတင်ပေးတာနဲ့ passport ရှိတာနဲ့မည်သည့်နိင်ငံသားမဆိုငှါးနေခွင့်ရှိပါတယ်
ထိုင်နိင်ငံရဲ့ apartment တည်ဆဲဥပဒေအရ ပေ ၂၅ ပါတ်လည် aircon toilet ပါ apartment တစ်လ 4000 baht ဆိုရင် အတော့်ကိုအဆင်ပြေပါပြီ ( မြန်မာငွေနဲ့တွက်ရင် တစ်သိန်းခွဲဝန်းကျင်ပါပဲ)
လွန်ခဲ့သော ၂ နစ်ကကျတော့်မြို့ကနေရန်ကုန်ဈေးလာကုတဲ့မိတ်ဆွေ ရနိကုန်မှာ condo ငှါးတာ တစ်လ ၈ သိန်းအထက်ပေးရတဲ့ အခန်းထက် ပိုမိုသန့်ရှင်းမူ့ရှိပါသေးတယ်
အများသုံးဓာတ်လှေကား security service ခ free ပါ
ရေခမီးခတော့ ကိုယ်သုံးသလောက်အစိုးရသတ်မှတ်နှုန်းထားတိုင်းပေးရပါ့မယ်
တစ်ကယ်တော့
ဒီ status ကိုကျတော်ရေးဖို့ အချိန်တစ်ခုထိ စဉ်းစားရပါသေးတယ် နောက်ဆုံး ကျတော်နဲ့ကျတော့်အဖေလိုအဖြစ်ဆိုးမကြုံရလေအောင် ကြုံခဲ့ရင်ရှိလာခဲ့မယ်ဆိုရင်တောင် ရွေးချယ်စရာလမ်းရှိစေချင်လို့ ကျတော်ရေးဖို့ဆုံးဖြတ်လိုက်ခဲ့ရတယ်
မသိတဲ့သူတစ်ချို့ကတော့ ကျတော့်ကိုအမြင်တမျိုးနဲ့ဆဲချင်ဆဲပါလိမ့်မယ့် ကျတော့်ကိုမကျေနပ်တဲ့သူလဲရှိပါလိမ့်မယ် သဘောထားသေးသိမ်တဲ့သူတချို့ကတော့ ကျတော့်ကိုအေးဂျင့်လိုလို အခကြေးငွေယူပြီးဆေးရုံကြော်ငှါပေးတယ်လို့မြင်ချင်မြင်လိမ့်မယ်
တစ်ခုတော့ကြိုပြောပါရစေ
ကျတော့်မှာသေချာရေရာတဲ့ဝင်ငွေနဲ့ခိုင်မာတဲ့အလုပ်ကိုင်ရှိနေပြီးသားပါ
နောက်တစ်ချက် ထိုင်းကအစိုးရပိုင်ဆေးရုံနဲ့ တောင်ဝင်ဆေးရုံတိုင်းမှာ အေးဂျင့်နဲ့ချိတ်ဆက်ပြီးကုသခွင့်မရှိပါဘူး စီးပွားရေးဆန်ဆန် နိင်ငံတကာနဲ့လဲမချိတ်ဆက်ထားပါဘူး
ဒါပေမယ့် ဘယ်နိင်ငံသားမဆို passport ကိုင်ဆောင်ထားသူတိုင်း ထိုင်းအစိုးရဆေးရုံနဲ့ထိုင်းတော်ဝင်ဆေးရုံတိုင်းမှာ ကိုယ်တိုင်ကုသခွင့် ရှိကြပါတယ်

credit - Sai Thura Hark Hang