As seen on Facebook - Dr. Daw Win Win Mar

Source: https://www.facebook.com/han.tar.5/posts/937230849736746
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် သိစေချင်တဲ့ ဆေးတပ်ဖွဲဝင်
မိသားစုတွေ အပေါ် အနိုင်ကျင့် ဗိုလ်ကျ နှိပ်စက်နေတဲ့တဆရ
၂/၇၀၀က တပ်မှူးဗိုလ်မှူးချုပ်လှအောင်ရဲဇနီး ဖြစ်သူ
ဒေါ်က်တာ ဒေါ်ဝင်းဝင်းမာ
=============================
ရှမ်းပြည်နယ်...အောင်ပန်း တဆရ ၂/၇၀၀ ကတပ်မှူး ဗိုလ်မှုးချုပ်
လှအောင် နဲ့ဇနီး ဒေါက်တာဒေါ်ဝင်းဝင်းမာအကြောင်းလေးပါ
အရင် မိတ္ထီလာ စစ်ဆေးရုံကုတင် ၅၀၀ ကနေ အောင်ပန်းကို
ရောက်လာတာ....လွန်ခဲ့တဲ့တစ်နှစ်ကျော်က တပ်မှုးကတော်
မွေးနေ့လုပ်တယ်... အောင်ပန်းကရွှေလက်ဝါးဆိုတဲ့ဆိုင်မှာ
ညပိုင်း လုပ်ခဲ့တာ...အဲ့ဒါကိုအရာရှိကတော်တွေဘဲဖိတ်တယ်
ဒါပေမယ့်သူ့မွေးနေ့ပွဲလာတဲ့သူက အတိုအပြတ်တွေဘဲဝတ်လာ
ရမယ်တဲ့....အဲ့ကိစ္စနဲ့ပတ်သက်လို့ မီဒီယာတစ်ခုပေါ်မှာအတင်ခံ
ရဖူးတယ်....သူ့ယောကျာ်းကလည်း webside တစ်ုမှာ video file
အတင်ခံရဖူးတယ်
အခုလက်ရှိ အဲဒီမှာ ဖြစ်နေတာက တပ်မှူးကတော်နဲ့အဆင်ပြေတဲံ့
လူတွေကိုဘဲနေရာကောင်းပေးပြီးလုပ်စား ခိုင်းထားတဲ့ ကိစ္စတွေပါ
အဲ့ဒီ ထဲမှာ ဗိုလ်ကြီး စုမွန်သော် ဆိုတဲ့မိန်းမကအဆိုးဆုံးပါ
တပ်ထဲမှာသူနဲ့ အဆင်မပြေတဲ့လူဆိုရင် တပ်မှုးကတော်နားသွားပီး
အတို့အထောင် အချွန်လေးနဲ့သွားပြောတယ်.... အဲ့ဒါဆိုတပ်မှုး
ကတော်ကအကြောင်းမရှိအကြောင်းရှာပြီးအဲ့ရဲမေကိုခေါ်ဆဲတော့တာဘဲ
တစ်ခုက အဲ့ဒီ ဗိုလ်ကြီး စုမွန်သော် ကိုက တပ်မှုးကတော်က medical
store မှာထားတယ်.....ဆေးစတိုကပိုတဲ့ဆေးတွေကို နှစ်လတစ်ခါ
သုံးလတစ်ခါ လောက်မန္တလေးမှာသွားရောင်းတယ် တစ်ခါသွားရောင်း
ရင် သိန်း ၁၀၀ နဲ့ ၂၀၀ ကြားရပါတယ်....အဲ့ဒီရတဲ့ငွေတွေကို သူတို့
နှစ်ယောက်ခွဲယူနေကြတာပါဘာ စာရင်း အင်းမှ မရှိပါဘူး...ပြောရယင်
မှောင်ခိုပေါ့...သူတို့နှစ်ယောက်အတွက်အိတ်ဝင် ...သပိတ်ဝင်ပေါ့....
အခု ဒီ ဇွန်လ ထဲမှာ ကိုတောင် မန္တလေး ဆင်းပီး ဆေးသွားရောင်း
ဖို့ ရှိနေပါသေးတယ်
နောက်ပြီး ဗကစုမွန်သော် ကတပ်ထဲမှာငွေတိုးချေးတယ် ...ကျန်တဲ့
လူတွေအတိုးပေးရင် တပ်မှုးကတော်ကခေါ်ဆူတယ်...စုမွန်သော်
ကိုကျတော့ ဘာမှမပြောဘူး....ရတဲ့အတိုး တစ်ဝက်ဆီယူတယ်
နောက်ပိုင်းကြတော့ အရာရှိကတော်တွေကိုစုမွန်သော်ကအုပ်စိုး
လာတယ်....တပ်ထဲမှာ ဆိုယင် စုမွန်သော်ပီးယင် အကုန်ပီးတယ်
ဆိုတဲ့ ပုံစံမျိုးတွေဖြစ်လာခဲ့ပါတယ်
နောက်တစ်ခုက ဝါတွင်းသုံးလ ကိစ္စပါ.....ဝါတွင်းတွေမှာဆိုရင်
အဖိတ်နေ့တိုင်း လိုင်းထဲမှာ အလှုလိုက်ခံပါတယ် မထည့်မနေရပါ
အနည်းဆုံး ၁၀၀၀ ပါ။အပတ်စဉ်စနေနေ့မနက်တိုင်းလည်း
တပ်တွင်းဓမ္မာရုံမှာ မနက် ၆ နာရီတိုင်းဆွမ်းလောင်းရပါတယ်
အကြောင်းအမျိုးမျိုးကြောင့် ဆွမ်းမလောင်းဖြစ်ခဲ့ရင် ဒဏ်ငွေ
၂၅၀၀ ပါ (တစ်အိမ်ထောင်ကို)အဲ့ဒီရတဲ့ပိုက်ဆံကိုလည်းသူတို့တွေ
ဘဲသုံးစားကြတာပါ....အဲ့ဒါတွေက တပ်မှုးကတော်ရဲ့
အမိန့်တွေပါ
တပ်ထဲမှာလဲ ဓမ္မကိုဘန်းပြပြီး အဓမ္မတွေ နဲ့ဖြစ်ချင်သလကိုဖြစ်နေ
ခဲ့တာပါ.....တပ်မှုးကတော်ကလည်း ဝန်ထမ်းတစ်ယောက်ပါဘဲ
မင်္ဂလာဒုံမြို့နယ်က ကျန်းမာရေးမှုးပါ ဒါပေမယ့်ဘယ်အချိန်များသူ့
တာဝန်တွေကိုထမ်းဆောင်လဲတော့မသိဘူး အမြဲတမ်း အောင်ပန်း
တပ်ထဲမှာဘဲတွေ့နေရတယ်.....သူလည်းဝန်ထမ်းတစ်ယောက်ဖြစ်
နေရက်သားနဲ့ကိုယ်ချင်းမစာဘဲ ဝန်ထမ်းတွေကိုတပ်အလုပ်တွေ
ခေါ်ခေါ်ခိုင်းနေတာစိတ်ပျက်စရာပါ
တပ်ကိုလူကြီးတွေလာစစ်ရင်တော့ သူတို့ဘယ်လောက်လုပ်ကြောင်း
ပရဟိတနဲ့အလှုဒါနတွေဘယ်လိုလုပ်ကြောင်းကိုပြသလေ့ရှိတယ်
တပ်တွင်းရဟန်းခံရှင်ပြုလုပ်တယ် မနှစ်က လုပ်တုန်းကဆို ရဟန်းခံတဲ့
ရဲဘော်တွေကို လူပျိုရိပ်သာမှာပြန်အိပ်ခိုင်းတယ်....အဲ့ဒီလို လုပ်တော့
ဘယ်သူမှမဝတ်တော့ဘူးပေါ့ ဒီနှစ်ကတော့ ရဟန်းတွေဘုန်းကြီး
ကျောင်းမှာဘဲ ပေးနေပါတယ်ပြီးရင်တော့သူတို့က တပ်ရံပုံငွေမှာ
စာရင်းတွေတင်တော့တာပေါ့
တပ်ထဲ/ဆေးရုံဝန်းထဲမှာ ဆိုင်ကယ်ဦးထုပ်မဆောင်းရင်တစ်ယောက်
၅၀၀၀ ဒဏ်ရိုက်တယ်ဒဏ်ငွေရသမျှတွေသူတို့အိတ်ထဲဘဲပေါ့
ပီးတော့ ဒါဘာ ကိစ္စ ပါ......တစ်ချို့ တပ်က နဲ့ ညားနေတဲ့ အမျိုးသမီး
တွေက တခြားတစ်မြို့တစ်ရွာမှာနိုင်ငံ ၀န်ထမ်း အဖြစ်နဲ့ အလုပ်လုပ်
နေတဲ့ ၀န်ထမ်းတွေလည်း ရှိပါတယ်....ဒီလိုမျိုး တစ်ခြား တစ်မြို့တစ်
ရွာမှာအစိုးရ အလုပ် လုပ်နေတာ ကိုတောင် အပတ်စဉ် ဗုဒ္ဒဟူး နေ့
နေ့လည်ပိုင်းမှာ လုပ်တဲ့ ဒါဘာကိုအဒီ အမျိုးသမီးတွေ တာဝန်ကျ
နေတဲ့ မြို့ကနေပီးတော့ ခွင့်ယူခိုင်းပီးတော့ မတက်မနေရ တက်
ရောက်ခိုင်းခဲ့ပါတယ်...
.တကယ်လို့ အဲဒီ ဒါဘာ ကို ၀န်ထမ်း တာဝန် ထမ်းဆောင်နေတဲ့
အမျိုးသမီးက ဌာနမှာခွင့်မပေးလို့...ခွင့်မရလို့ မတက်နိုင်ဘူး ဆို
ယင်တောင်မှ လင်မယား နှစ်ယောက်စလုံးကို ရုံးတင်အပြစ်ပေး
အရေးယူပါတယ်....အဲဒိ ၀န်ထမ်း အမျိုးသမီးတွေ က အဲဒီလိုမျိုး
ရုံးတင်မခံချင် လို့ ခွင့်ယူရပြန်တော့ ကြာတော့လည်းရုံးမှာအဆင်
မပြေမှုတွေဖြစ်လာတာပေါ့
ဘာ ပြစ်မှုကျူးလွန်တာမှမဟုတ်ဘဲနဲ့ ရုံးတင်ခံရပီး နောက်ဒီလို
မဖြစ်စေရပါဘူးဆိုပြီးလက်မှတ်ထိုးရတယ်လေ....အဲ့တာကတော့
အိမ်ထောင်သည်ဝန်ထမ်းတွေကြုံနေရတဲ့ဒုက္ခ တစ်မျိုး ဖြစ်ပါတယ်
အဲဒီ ဒါဘာ ကိစ္စတွေကြောင့်ပဲ တစ်မြို့တစ်ရွာမှာ တာဝန်ထမ်း
ဆောင်နေရတဲ့ ၀န်ထမ်းတွေနဲ့ သူ့ယောက်ကျားတွေ ရုံးတင်
ခံရတဲ့ ကိစ္စတွေနဲ့ ပက်သက်ပီး ခန ခနစကားများ ရန်ဖြစ်ကြ
ရတာပေါ့
အရာရှိကတော်တွေ တပ်ရင်းတူညီဝတ်စုံပေးတာတောင်
ခွဲခြားပြီးပေးတာပါ..၀တ်စုံတန်ဖိုးတွေကလည်း တူညီမှု မရှိပါဘူး
..ဆက်ဆံတာကလည်းခွဲခြားပီး ဆက်ဆံတာပါ
အထက်ဖားအောက်ဖိတဲ့ လုပ်ရပ်မျိုးစုံနဲ့ ဆက်ဆံနေရတော့
မိသားစုဝင်တွေအားလုံးရဲ့ စိတ်ဆင်းရဲ...ကိုယ်ဆင်းရဲတွေဖြစ်ပီး
စိတ်ဒုက္ခ တွေ ရောက်နေကြရတာပါ
credit:ရွှေတံခါးမှုးချစ်သူမီဒီယာ