လက်ထပ်ကြဖို့ ၁၄ရက်အလို
လက်ထပ်ဖို့၁၄ရက်အလိုမှာ ကျနော်ချစ်ခဲ့
တဲ့မိန်းမနဲ့ကျနော်နဲ့ လမ်းခွဲခဲ့တာပဲ။ ဒီကိစ္စဟာ ဆန်းတယ်ဆိုလည်းဟုတ်ပါရဲ့။ ဒါပေမယ့် လောကမှာ ဒီလိုကိစ္စတွေ အရင်ကလည်း အများကြီးရှိခဲ့မယ်ထင်ပါတယ်။ ဒါပေမယ့်ဗျာ တကယ်တမ်းမကြုံဖူးသေးတဲ့လူတစ်ယောက်အတွက်တော့ အရှိန်နဲ့မောင်းလာတဲ့ကားတစ်စင်းကို ဘရိတ်ဆောင့်အုပ်လိုက်သလို အထိတ်တလန့်တော့ ဖြစ်သွားတာပေါ့။
တဲ့မိန်းမနဲ့ကျနော်နဲ့ လမ်းခွဲခဲ့တာပဲ။ ဒီကိစ္စဟာ ဆန်းတယ်ဆိုလည်းဟုတ်ပါရဲ့။ ဒါပေမယ့် လောကမှာ ဒီလိုကိစ္စတွေ အရင်ကလည်း အများကြီးရှိခဲ့မယ်ထင်ပါတယ်။ ဒါပေမယ့်ဗျာ တကယ်တမ်းမကြုံဖူးသေးတဲ့လူတစ်ယောက်အတွက်တော့ အရှိန်နဲ့မောင်းလာတဲ့ကားတစ်စင်းကို ဘရိတ်ဆောင့်အုပ်လိုက်သလို အထိတ်တလန့်တော့ ဖြစ်သွားတာပေါ့။
ကျနော်က သာမန်လူလတ်ပိုင်းယောက်ျားတစ်ယောက်ပါပဲ။ ကျနော့်အသက်၂၈နှစ်၊ ဘားတွေနဲ့ တီးဝိုင်းပါတဲ့ကဖေးအချို့မှာ သီချင်းလိုက်ဆိုတယ်။ ကျနော့်ကိုရှာဖွေလို့ရတဲ့နေရာတစ်ခုကတော့ ညဖက်နောက်ကျတဲ့အထိဖွင့်တဲ့ The Forbiddenဆိုတဲ့ဘားပဲ။ အဲ့ဒီဘားမှာ တာဝန်အရ သီချင်းတွေဆိုပြီးတိုင်း ကျတော် အရက်ထိုင်သောက်လေ့ရှိတယ်။ ညဖက်တိုက်တဲ့လေညင်းရဲ့အေးမြမှုအောက်မှာ လေထဲဝဲနေတဲ့သစ်ရွက်ကြွေတွေကိုကြည့်ရတာ ကဗျာပဲ။ အဲ့ဒီဘားလေးရဲ့ရှေ့ ပလက်ဖောင်းပေါ်မှာ ဖြတ်သွားတဲ့လူတွေကိုကြည့်ရတာ၊ လမ်းဘေးပလက်ဖောင်းတွေပေါ်ထိုင်ရင်း လမ်းမီးတိုင်အဝါရောင်တွေကို မော့ကြည့်ရတာဟာ ကဗျာပါပဲ။ ကဗျာဆန်ပါတယ်။ နောက်ပြီးတော့ ကျနော် နည်းနည်းလေးမူးစပြုလာတဲ့အချိန်ဆို ကျနော်ချစ်တဲ့အမျိုးသမီးလေးဆီ ဖုန်းခေါ်တာပေါ့။ ဒီအချိန်ဟာ ကျနော်ချစ်တဲ့အသံကြည်ကြည်လေးဆီ ခရီးထွက်ရတဲ့အချိန်တွေပါပဲ။ ကျနော် သူနဲ့ နေ့တိုင်းတော့မတွေ့ရပေမယ့် ဖုန်းထဲမှာပဲဖြစ်ဖြစ် သူ့အနားလေးကိုရောက်ရတာဟာ ကြည်နူးဖွယ်ကဗျာလေးထဲ ကိုယ်က ဇာတ်ကောင်တစ်ယောက်ဖြစ်သွားသလို ကျေနပ်ဖွယ်ကောင်းပါတယ်။
ကျနော် သူနဲ့ပတ်သတ်ပြီး အများကြီးမသိပါဘူး။ ဒါပေမယ့် သိတာတွေလည်း အများကြီးရှိပါတယ်။ နွေဟာ ကျနော့်ထက် အသက်၅နှစ်ငယ်ပေမယ့် ကျနော့်ကို တေးဝေ.....လို့ပဲ တုံးတိတိခေါ်လေ့ရှိပါတယ်။ နွေ့မှာ ဓားသွားလိုပြောင်လက်နေတဲ့မျက်ဝန်းတွေရှိတယ်။ ဂျင်းဘောင်းဘီတိုမိုးပြာရောင်နဲ့ တီရှပ်ပွပွလေးတွေကိုပဲ အမြဲလို ဝတ်ဆင်လေ့ရှိပြီး တိုက်ခါနီးမုန်တိုင်းလိုငြိမ်သက်နေတဲ့ အညိုရောင်ဆံပင်ရှည်ရှည်တွေရှိတယ်။ ကျနော် ဘားထဲမှာ သီချင်းဆိုနေတဲ့အချိန်တချို့မှာဆို နွေဟာ ကျနော်သီချင်းဆိုနေတာကိုငေးရင်း စီးကရက်တွေသောက်ရင်း သူ့မျက်ဝန်းတွေဟာ ဘယ်ကိုမှ မစီးဆင်းတော့မယ့် ရေသေအိုင်လို။ တေးဝေ.... ငါ့ကို ကြည့်ကျက်ချစ်နော်လို့လည်း တစ်ခါတစ်ခါ ပြောတတ်သေးတယ်။ ကျနော်က နွေ့ကိုချစ်တာကို ဘယ်လိုထိန်းသိမ်းရပါ့မလဲ။ နွေ့ဖက်က နွေရာသီဆန်နေသော်လည်းပေါ့လေ။ ကျနော့်မှာတော့ နွေ့ကိုချစ်ရတဲ့မြူတွေဟာ ကျနော့်ဘဝလေးမှာ အုံ့မှိုင်းလို့နေပေါ့။
နွေက ကျနော့်ကို မမျှော်လင့်ထားတဲ့အရာတွေလည်း ပေးတတ်ပါတယ်။ တစ်ရက် ကျနော့်အိပ်ခန်းလေးမှာ ကျနော် နေ့ခင်းအချိန်ထိ အိပ်ပျော်နေခဲ့တယ်။ အိပ်နေရာကနေ အတင်းလှုပ်နှိုးခံရပြီး ကျနော်နိုးလာတော့ ကျနော့်ကိုနှိုးတာက နွေ။ " မန္တလေးသားလေးကိုတေးဝေ စွဲမက်သွားစေမယ့် နန်းကြီးသုပ်ကို ဟော့ဒီက မမနွေသုပ်ကျွေးမယ်"တဲ့။ ကြည့်ပါဦး ပြောပုံက။ ပြောင်စပ်စပ်မျက်နှာနဲ့နွေဟာ တစ်ခါမှမမြင်ဖူးတဲ့မျက်ဝန်းကြည်ကြည်လေးတွေနဲ့ အရမ်းရယ်ရခဲ့တာ။ အဲ့ဒီနေ့ကနွေဟာ ကျနော်နဲ့ တစ်ရက်နီးပါး နေသွားခဲ့တယ်။ ညဖက်ရောက်တော့ ကျနော့်ကို " ကိုကိုနော်....ကိုကိုနော်..... ဘားမှာ သီချင်းသွားမဆိုရဘူးနော်...."ဆိုပြီး ကာတွန်းကားထဲက ကြောင်မလေးလေသံနဲ့ လာစနေခဲ့သေးတယ်။ ကျနော်အရက်သောက်တော့လည်း ကျနော် အရက်တစ်ခွက်မော့တိုင်း အဲ....အဲ့ ဦးတေးဝေကတော့ ကစ်ပြီဗျာ....ဆိုပြီး ကျနော့်ကိုစရင်း နောက်ရင်း သူ ရယ်နေခဲ့တယ်။ သိပ်ချစ်ရတဲ့ ကျနော့်ရဲ့ နွေရာသီတေးသီချင်းလေးတစ်ပုဒ်ပါပဲ။ နောက်တစ်နေ့မနက် ကျနော်အိပ်ယာကနိုးချိန်မှာတော့ နွေဟာ နွေဆန်စွာပဲ ကျနော့်အနားမှာ မရှိတော့ပါဘူး။
ကျနော်သီချင်းဆိုတဲ့ ဘားနဲ့ကဖေး စုစုပေါင်း ၈ခုရှိတယ်။ အများအားဖြင့် ညဖက်တွေမှာဆိုရပြီး ညနေခင်းဖက်ဆိုရတဲ့နေရာအချို့လည်း ရှိတာပေါ့။ ကျနော်ဟာ အားလပ်ချိန်များတဲ့လူတစ်ယောက်ဖြစ်ပြီး အားနေတဲ့အချိန်မှာ နွေ့အကြောင်း သီချင်းအချို့နဲ့ ကဗျာအချို့လည်း ရေးဖြစ်ခဲ့ပါတယ်။ နွေဟာ နာမည်ကြီး ဟော်တယ်Groupကြီးတစ်ခုမှာ ရာထူးကြီးကြီးအမျိုးသမီးလေးဖြစ်ခဲ့ပြီး သူ့အုပ်ချုပ်မှုအောက်မှာရှိတဲ့ ဟော်တယ်တချို့ရဲ့ဘားတွေမှာ သီချင်းဆိုဖို့ ကျနော့်ကို ဖိတ်ခေါ်ခဲ့တယ်။ ကျနော်က ဘာကြောင့်မှန်းမသိ ငြင်းခဲ့မိပြီး ငြင်းမိတာကို ပျော်နေခဲ့တယ်။ အရှိန်အဝါကြီးလွန်းတဲ့နေရာတွေကို မကြိုက်တတ်တဲ့ ကျနော့်စိတ်ကြောင့်လည်း ဖြစ်မယ်။ နွေနဲ့ဝေးရမယ့်အကြောင်းတွေကို နွေနဲ့မဝေးသေးတဲ့အချိန်မှာ ကျနော့်ဖက်က လျှော့တွက်ခဲ့မိတယ်ဆိုပါစို့။
ညညဆို ကျနော်နောက်ဆုံး သီချင်းဆိုရတဲ့နေရာက The Forbiddenဘားပါ။ ကျနော် သီချင်းဆိုပြီးတိုင်း အရက်သောက်ရင်း နွေ့ဆီ ဖုန်းဆက်လေ့ရှိတဲ့နေရာပေါ့။
တစ်ရက် အဲ့ဒီဘားမှာ သီချင်းဆိုရင်း သီချင်းတောင်းခံရတယ်။ တောင်းဆိုတဲ့ သီချင်းတွေက တစ်ပြည်သူမရွှေထားနဲ့ ပန်းတွေနဲ့ဝေတဲ့။ ကျနော် အံ့သြသွားပြီး ဝိတ်တာလေးကို ဘယ်သူတောင်းတာလဲလို့ မေးတော့ တီးဝိုင်းနဲ့ခပ်လှမ်းလှမ်း ဆိုင်ရဲ့ထောင့်မှာထိုင်နေတဲ့ နွေ့ကို မြင်ရတယ်။ သီချင်းတောင်းတဲ့သူက နွေပဲ။ အဲ့ဒီညမှာ သူရောက်လာမယ်လို့ ကျနော် ထင်မထားခဲ့ဘူး။ နွေက ဒီလိုပဲ ချိန်းမထားရင် ပိုပြီးရောက်လာတတ်တယ်။
တစ်ရက် အဲ့ဒီဘားမှာ သီချင်းဆိုရင်း သီချင်းတောင်းခံရတယ်။ တောင်းဆိုတဲ့ သီချင်းတွေက တစ်ပြည်သူမရွှေထားနဲ့ ပန်းတွေနဲ့ဝေတဲ့။ ကျနော် အံ့သြသွားပြီး ဝိတ်တာလေးကို ဘယ်သူတောင်းတာလဲလို့ မေးတော့ တီးဝိုင်းနဲ့ခပ်လှမ်းလှမ်း ဆိုင်ရဲ့ထောင့်မှာထိုင်နေတဲ့ နွေ့ကို မြင်ရတယ်။ သီချင်းတောင်းတဲ့သူက နွေပဲ။ အဲ့ဒီညမှာ သူရောက်လာမယ်လို့ ကျနော် ထင်မထားခဲ့ဘူး။ နွေက ဒီလိုပဲ ချိန်းမထားရင် ပိုပြီးရောက်လာတတ်တယ်။
တီးဝိုင်းအဖွဲ့သားတွေ ခဏတော့ အလုပ်ရှုပ်သွားပြီး မိနစ်အနည်းငယ်အကြာမှာ သီချင်းသံ စတင်ပျံ့လွင့်လာတော့တယ်။
တစ်ပြည်သူ မရွှေထားရေ....
အခြေမတူ ဘဝအနေခြားလေ
အဆင့်အတန်းလည်းဝေးကွာနေ
မဖြစ်မှန်းလည်း တွေးပါသလေ
ဆင်ကန်းတောတိုးဖြစ်မှာကို သိပါသလေ...
ဒါပေမယ့် သံယောဇဉ်တွေ တွယ်တာရပါသည်ကောလေ
မသင့်မှန်းလည်း သိပါသလေ
အချစ်လမ်းလည်းမရှိ ရှာဖွေ
အချစ်ကန်းပဲပြောပါစေ
ထားရေ..... ထားရေ......
အခြေမတူ ဘဝအနေခြားလေ
အဆင့်အတန်းလည်းဝေးကွာနေ
မဖြစ်မှန်းလည်း တွေးပါသလေ
ဆင်ကန်းတောတိုးဖြစ်မှာကို သိပါသလေ...
ဒါပေမယ့် သံယောဇဉ်တွေ တွယ်တာရပါသည်ကောလေ
မသင့်မှန်းလည်း သိပါသလေ
အချစ်လမ်းလည်းမရှိ ရှာဖွေ
အချစ်ကန်းပဲပြောပါစေ
ထားရေ..... ထားရေ......
ကျနော် ဒီသီချင်းကို ပိုင်ပိုင်နိုင်နိုင် ဆိုပြနိုင်လိမ့်မယ်လို့ နွေ ထင်ခဲ့ပုံမရဘူး။ ကျနော်ကတော့ နွေ့ကိုငေးရင်း မထင်မှတ်ပဲဆိုရတဲ့သီချင်းလေးထဲ ကိုယ်တိုင်နစ်မျောသွားမိတော့တယ်။ ဒီသီချင်းဟာ ကျနော့်ဘဝမှာ အကြိုက်ဆုံးသီချင်းဖြစ်တဲ့အကြောင်း ပလက်ဖောင်းတွေပေါ်နဲ့ လမ်းမီးရောင်တွေရဲ့အောက် နွေ့လက်ကိုတွဲပြီး လမ်းလျှောက်ရင်း ပြောပြချင်ပါရဲ့။ ဒါပေမယ့်နွေဟာ ကျနော် တပြည်သူမရွှေထားသီချင်းလေး ဆိုလို့မပြီးသေးခင်မှာကို ထပြန်သွားခဲ့ပါတယ်။
ကျနော် နွေနဲ့ပတ်သတ်ရင် စိတ်ညစ်ရတာတွေ ရှိပါတယ်။ အဓိကကတော့ နားမလည်နိုင်တာပေါ့။ နွေကျနော့်အပေါ် ဒီလိုလုပ်တာတွေ များနေပြီ။ သူ လာချင်တဲ့အချိန် ရောက်လာမယ်။ အကြောင်းသိနေတဲ့တိုင်အောင်တောင် အံ့သြရတဲ့ မမျှော်လင့်တဲ့အချိန်မှာ ထပြန်သွားမယ်။ အခုလည်း ဒီသီချင်းလေးမဆုံးခင်မှာတော့ ထပြန်မသွားသင့်ဘူးလေ။ ကျနော် နောက်ထပ်သီချင်းတွေ ဆက်မဆိုတော့ပဲ စီးကရက်တစ်လိပ်ကို မီးညှိပြီး ဘားရဲ့ရှေ့ကို ထွက်လာမိတယ်။ အဲ့ဒါဟာ ကျနော့်ရဲ့ မဟာအမှားပဲဖြစ်သွားလားမသိ။ နွေဟာ လူတစ်ယောက်ရဲ့ပါးကို ဖြတ်ခနဲနမ်းလိုက်ပြီး " ပြန်တော့နော်...."လို့ပြောလိုက်တာကို တွေ့ရတယ်။ အနည်းငယ်မူးနေဟန်ရှိတဲ့ အဲ့ဒီလူဟာ သူ့ကားကိုမှီရင်းရပ်နေပြီး၊ နွေကတော့ ကျနော့ကို ကျောပေးထားတယ်။ ကျနော်ကတော့ နွေ့ရဲ့နောက် ၃ပေလောက်အကွာမှာ ရှိနေခဲ့တာပေါ့။ အဲ့ဒီအသက်၄၀လောက်လူဟာ ရုပ်ရည်ခပ်သန့်သန့်နဲ့ နွေ့ပုခုံးကိုကိုင်ထားတဲ့လက်ကောက်ဝတ်မှာ သံဆူးကြိုးပုံ တတ်တူးနဲ့ တစ်ခါတွေ့ဖူးရင် မှတ်မိနေလောက်မယ့်ရုပ်မျိုးပဲ။ ပုံမှန်ဆို ကျနော် ဒေါသတကြီး ပေါက်ကွဲသွားရမှာဖြစ်ပေမယ့် တကယ်တမ်းမှာ ဝမ်းနည်းရှက်ရွံ့သွားတဲ့စိတ်နဲ့ ဘားထဲကို ပြန်ဝင်လာမိတယ်။ ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင်ဗျာ နွေက အညိုရောင်ရှပ်အင်္ကျီအကွက်လေးဝတ်ထားပြီး ကျနော်ကလည်း နွေဝယ်ပေးထားတဲ့ ဆင်တူရှပ်အင်္ကျီအညိုရောင်အကွက်လေး ဝတ်ထားတာ။
ကျနော် တီးဝိုင်းကသူငယ်ချင်းတွေကို " ငါ...ပြန်ပြီ "လို့ပြောတော့ သူတို့လည်း ကျနော် မျက်နှာတွေအရမ်းပျက်နေတာကို သတိထားမိကြပါတယ်။ ဘေ့စ်ဂစ်တာသမား ကိုကျော်ထက်က " ညီလေး.... အခြေနေကောင်းလား"လို့ လှမ်းစတယ်။ တမင်စတာပါ ကျနော် အခြေနေမကောင်းမှန်း သူ ရိပ်မိတာပေါ့။ ကိုကျော်ထက်က သီချင်းကို သူပဲဆိုလိုက်တော့မယ်ဆိုတဲ့အကြောင်း၊ စောစောကကိစ္စ သူမြင်တယ်ဆိုတဲ့အကြောင်းပြောပြီး စိတ်လိုက်မာန်ပါ ဘာမှမလုပ်ဖို့ ဆုံးမတယ်။ Taxiတစ်စီးကိုတားစီးရင်း ကျနော် တစ်လမ်းလုံးဒေါသထွက်လာတယ်။ တကယ်ဆို ခုနက သူ့ပုခုံးကို ဆောင့်ဆွဲပြီး မင်း...ဘာလုပ်နေတာလဲလို့ မေးပစ်လိုက်ရမှာ။ အဲ့ဒီလူမျက်လုံးတွေကိုစိုက်ကြည့်ရင်း ခဗျားက.... ဘာကောင်လဲလို့ မေးပစ်လိုက်ရမှာ။ တကယ်တမ်းမှာ ကျနော်ဟာ အခြေနေအမှန်ကို ရင်မဆိုင်ရဲပဲ သူရဲဘောကြောင်ခဲ့မိတယ်။ အထိတ်တလန့်နဲ့ ထွက်ပြေးခဲ့မိတယ်။ shit....ပဲ စောက်ရေးမပါဘူး။ ကျနော် အဲ့လောက်ထိ ထိခိုက်လွယ်မှန်း ကိုယ့်ကိုယ်ကိုယ်တောင် အခုမှသိတယ်။
ကျနော်နေတဲ့အခန်းဆီပြန်ရောက်တော့ သော့ဖွင့်ပြီး အခန်းထဲဝင်လိုက်တာနဲ့ ရလိုက်တာက ဆေးလိပ်နံ့ပဲ။ အခန်းက မဲမှောင်နေတယ်။ မီးဖွင့်လိုက်တော့ အိမ်ရှေ့ခန်းမှာ ထိုင်နေတာက နွေ။ နွေက ကျနော့်ကိုမြင်တာနဲ့ ထလာပြီး အတင်းဖက်ထားတယ်။ " ငါ...တောင်းပန်ပါတယ် တေးဝေရယ်"တဲ့။ ဂစ်တာကို ချရင်း " ငါ...ဘယ်တုန်းက စိတ်ဆိုးဖူးလို့လဲလို့..." ကျနော်က စိတ်ဆိုးနေတဲ့အသံမာမာကြီးနဲ့ပြောတော့ " နွေ့ကို....မဆူပါနဲ့"တဲ့။ အသံတိုးတိုးအက်အက်လေးနဲ့ ပြန်ပြောတယ်။ ဒီကလေးမ ငိုတော့မယ်။ " မှားသွားပါတယ်.... လိုလည်းလိုအပ်လို့ပါ" ဆိုတဲ့စကားကို ၁၈ခါတိတိ ကျနော့်ပုခုံးကိုကိုက်ရင်းပြောတယ်။ ကျနော့်ကျောကို ထုရင်းပြောတယ်။ " ခွင့်လွှတ်ပါတယ်... မဟုတ်ရင် နင်ထုတာနဲ့ ငါသေတော့မယ်"လို့ ပြောမှ သူ ကျနော့်ကို လွှတ်တယ်။ နွေဟာ စသလိုနောက်သလိုနဲ့ အတည်ရက်စက်တတ်ပြီး ကျနော်ကတော့ သူရက်စက်သမျှကို တကယ်ရလာမယ့်ဒဏ်ရာအတိမ်အနက်အကြောင်း မတွေးမိပဲ ခေါင်းငုံ့ခံခဲ့မိခဲ့တာပဲဖြစ်မှာ။
ဒါဟာ ကျနော်ချစ်ခဲ့ဖူးတဲ့မိန်းမတစ်ယောက်နဲ့ အတူရှိခဲ့ဖူးတဲ့အချိန်တွေအကြောင်း ကျနော်မှတ်မိသလောက် ပြောပြတာပါပဲ။ နွေနဲ့ကျနော်ဟာ ရည်းစားသက်တမ်း ၁နီးပါး ကြာခဲ့ပါတယ်။ တိတိကျကျပြောရရင် ၁နှစ်ပြည့်ဖို့ ၁၄ရက်ပဲ လိုတော့တာပေါ့။ ကျနော်တို့ဟာ တောင်ပေါ်မြို့လေးနဲ့ ပင်လယ်ကမ်းခြေဆီ အပျော်ခရီး ၂ခုတိတိ အတူထွက်ဖူးပါတယ်။ သူ့မွေးနေ့ရော ကျနော့်မွေးနေ့ရော ကြုံခဲ့ဖူးပြီး ကျနော့်အိပ်ခန်းလေးမှာ အတူရှိခဲ့တဲ့ညပေါင်းလည်း မနည်းပါဘူး။ ရည်းစားသက်တမ်း၁နှစ်ပြည့်ရင် လက်ထပ်ကြမယ်ဆိုပြီးလုပ်ထားတဲ့ ဆင်တူလက်စွပ်လေးလည်း ရှိပါတယ်။ သိပ်ရက်စက်တဲ့အမှန်တရားကတော့ သူနဲ့ကျနော် လက်ထပ်ကြမယ်လို့ပြောထားတဲ့ရက်မရောက်မီ ၁၄ရက်အလိုမှာ သူ တခြားယောက်ျားတစ်ယောက်နဲ့ လက်ထပ်သွားတာပါပဲ။
သူလက်ထပ်သွားတဲ့ယောက်ျားဟာ လက်ကောက်ဝတ်မှာ သံစူးကြိုးပုံတတ်တူးနဲ့ ကျနော် မှတ်မိနေတဲ့အမျိုးသားဖြစ်ပါတယ်။ သူ " မှားသွားပါတယ်... လိုလည်း လိုအပ်လို့ပါ" ဆိုတဲ့ ကျနော့်ကို နှစ်သိမ့်ခဲ့တဲ့စကားနဲ့အတူ The Forbiddenဘားရှေ့မှာ နမ်းခဲ့တဲ့လူလည်းဖြစ်ပါတယ်။ ကျနော်တော့ ကိုကျော်ထက်နဲ့တွေ့ရင် ကျနော် အခြေနေမကာင်းတဲ့အကြောင်းတွေပဲ ပြောရတော့မယ်ထင်ပါရဲ့။ နွေက ကျနော့်ကို ဘယ်တော့မှ ပြင်ဆင်ချိန်မပေးခဲ့ဘူး။ သူလက်ထပ်လိုက်တာတောင်မှ သူလက်ထပ်ပြီးနောက်နေ့မှ ကျနော်သိရတယ်။ ရူးသွပ်ဖွယ်နေ့ရက်များပါပဲ။
နွေကကျနော့်ကို မိတ်ဆွေတွေလိုပဲနေကြရအောင်လို့ပြောတော့ " နင် ငါ့ရှေ့ဘယ်တော့မှ ပေါ်မလာနဲ့တော့"လို့ ကျနော်ပြောခဲ့ပါတယ်။ တကယ်တော့ ကျနော် စိတ်ဆိုးလို့ပြောတဲ့စကားပါ။ အမှန်မဟုတ်ပါဘူး။ အလိမ်အညာစကားပါ။ နွေက " အင်း.... ဘယ်တော့မှမတွေ့စေရဘူး"လို့ ပြောသွားတယ်။ အဲ့ဒါကတော့ နွေ အတည်ပြောသွားတာပါ။ ကျနော်က ပေါ့ဆတယ်။ မသွားပါနဲ့နွေရယ်.....လို့ တစ်ခွန်းတောင် မတားမိခဲ့ဘူး။ တကယ်တမ်း ကျနော်နွေ့ကို အစွမ်းကုန်ဆွဲထားချင်ခဲ့တာပါ။ ဒါပေမယ့်လေ လူတွေဟာ ရေစက်မပါရင် လွဲကြရတာပါပဲ။ ကိုဇောက်ထိုးရဲ့ကဗျာလေးလို " မပြောဖြစ်ခဲ့တဲ့စကားတွေထဲမှာ ကိုယ့်ကို တွေ့အောင်ရှာပါ "ပေါ့။ မပြောဖြစ်ခဲ့တဲ့စကားတွေထဲမှာ ကိုယ့်ကိုတွေ့အောင်ရှာပါပေါ့ နွေရယ်။
သူ ကျနော့်ကိုထားသွားပြီး ကျနော် သစ်ရွက်ကြွေတွေလို ပေတေလွင့်မျောနေတဲ့နေ့
က်တွေမှာ သိခဲ့ရတာတချို့ရှိပါတယ်။ အဲ့ဒါတွေကတော့ အဲဒီလက်ကောက်ဝတ်မှာ သံဆူးကြိုးပုံတတ်တူးနဲ့လူဟာ ကျနော့်ထက်အရင် သူနဲ့ပတ်သက်နေတဲ့ သူ့အရင်လူဖြစ်ပါတယ်။ အဲ့ဒီလူဟာ နွေနဲ့ကျနော့်အကြောင်းကို အကုန်သိပြီး ခွင့်လွှတ်ပေးခဲ့တဲ့လူတဲ့။ သူ့ကမ္ဘာမှာ သူကလည်း လူစွမ်းကောင်းဖြစ်ပါတယ်။ ကျနော်ဟာ ကိုယ့်ကမ္ဘာလေးနဲ့ကိုယ် ကိုယ့်အမှန်တရားနဲ့ကိုယ် နေထိုင်ခဲ့ပြီး သူများကမ္ဘာမှာ ကျနော်က ဗီလိန်ဖြစ်နေမှန်း မသိခဲ့ပါဘူး။ အဲ့ဒီလူဟာ နွေ့ရဲ့ဖြစ်တည်မှုတိုင်းမှာ ပါဝင်ပတ်သက်ခဲ့ပြီး ကျနော် အအံ့သြဆုံးကတော့ အဲ့ဒီလူဟာ ဆုံးသွားတဲ့နွေ့မေမေရဲ့ ဒုတိယယောက်ျားလည်း ဖြစ်ခဲ့ဖူးတယ်ဆိုတာပါပဲ။ နောက်ပြီး နွေ့ဘဝမှာ ပထမဆုံးထိတွေ့ဖူးတဲ့အမျိုးသားလည်း ဖြစ်ပါတယ်။ သူတို့ ဒီလိုဆက်ဆံရေးမျိုးရှိနေတာလည်း နှစ်တွေ ကြာပြီတဲ့။ ကျနော် မူးမေ့လဲမတတ်သိခဲ့ရတဲ့ ရက်စက်လှစွာသောဟာသတွေပေါ့။ နွေပြောဖူးတဲ့ " မှားသွားပါတယ်... လိုလည်းလိုအပ်လို့ပါ"ဆိုတဲ့စကားကို ကျနော် အကြိမ်ကြိမ် ပြန်စဉ်းစားနေမိတယ်။ ဒီစကားက ဘာကိုရည်ရွယ်တာလဲ။ ကျနော် အခုထိ နားမလည်သေးပါဘူး။ ဒီကိစ္စဟာ ဆန်းတယ်ဆိုလည်းဟုတ်ပါရဲ့။ ဒါပေမယ့် လောကမှာ ဒီလိုကိစ္စတွေ အရင်ကလည်း အများကြီးရှိခဲ့မယ်ထင်ပါတယ်။ ကျနော်ဆိုခဲ့ဖူးတဲ့သီချင်းလေးလို နွေဟာ တပြည်သူ မရွှေထားပါပဲ။ နွေနဲ့ကျနော်ဟာ ရှင်သန်ခဲ့ရတဲ့ကမ္ဘာခြင်း မတူခဲ့။
က်တွေမှာ သိခဲ့ရတာတချို့ရှိပါတယ်။ အဲ့ဒါတွေကတော့ အဲဒီလက်ကောက်ဝတ်မှာ သံဆူးကြိုးပုံတတ်တူးနဲ့လူဟာ ကျနော့်ထက်အရင် သူနဲ့ပတ်သက်နေတဲ့ သူ့အရင်လူဖြစ်ပါတယ်။ အဲ့ဒီလူဟာ နွေနဲ့ကျနော့်အကြောင်းကို အကုန်သိပြီး ခွင့်လွှတ်ပေးခဲ့တဲ့လူတဲ့။ သူ့ကမ္ဘာမှာ သူကလည်း လူစွမ်းကောင်းဖြစ်ပါတယ်။ ကျနော်ဟာ ကိုယ့်ကမ္ဘာလေးနဲ့ကိုယ် ကိုယ့်အမှန်တရားနဲ့ကိုယ် နေထိုင်ခဲ့ပြီး သူများကမ္ဘာမှာ ကျနော်က ဗီလိန်ဖြစ်နေမှန်း မသိခဲ့ပါဘူး။ အဲ့ဒီလူဟာ နွေ့ရဲ့ဖြစ်တည်မှုတိုင်းမှာ ပါဝင်ပတ်သက်ခဲ့ပြီး ကျနော် အအံ့သြဆုံးကတော့ အဲ့ဒီလူဟာ ဆုံးသွားတဲ့နွေ့မေမေရဲ့ ဒုတိယယောက်ျားလည်း ဖြစ်ခဲ့ဖူးတယ်ဆိုတာပါပဲ။ နောက်ပြီး နွေ့ဘဝမှာ ပထမဆုံးထိတွေ့ဖူးတဲ့အမျိုးသားလည်း ဖြစ်ပါတယ်။ သူတို့ ဒီလိုဆက်ဆံရေးမျိုးရှိနေတာလည်း နှစ်တွေ ကြာပြီတဲ့။ ကျနော် မူးမေ့လဲမတတ်သိခဲ့ရတဲ့ ရက်စက်လှစွာသောဟာသတွေပေါ့။ နွေပြောဖူးတဲ့ " မှားသွားပါတယ်... လိုလည်းလိုအပ်လို့ပါ"ဆိုတဲ့စကားကို ကျနော် အကြိမ်ကြိမ် ပြန်စဉ်းစားနေမိတယ်။ ဒီစကားက ဘာကိုရည်ရွယ်တာလဲ။ ကျနော် အခုထိ နားမလည်သေးပါဘူး။ ဒီကိစ္စဟာ ဆန်းတယ်ဆိုလည်းဟုတ်ပါရဲ့။ ဒါပေမယ့် လောကမှာ ဒီလိုကိစ္စတွေ အရင်ကလည်း အများကြီးရှိခဲ့မယ်ထင်ပါတယ်။ ကျနော်ဆိုခဲ့ဖူးတဲ့သီချင်းလေးလို နွေဟာ တပြည်သူ မရွှေထားပါပဲ။ နွေနဲ့ကျနော်ဟာ ရှင်သန်ခဲ့ရတဲ့ကမ္ဘာခြင်း မတူခဲ့။
ပြောရရင် လက်ထပ်ဖို့၁၄ရက်အလိုမှာ ကျနော်ချစ်ခဲ့တဲ့မိန်းမနဲ့ကျနော်နဲ့ လမ်းခွဲခဲ့တဲ့အကြောင်းပါပဲ။ သူက ကျနော့်ကို " တေးဝေ နင်ငါ့ကို ကြည့်ကျက်ချစ်ဟာ "လို့ ပြောခဲ့ပေမယ့် ကျနော်ကတော့ သူ့ကို ကြည့်ကျက်မချစ်နိုင်ခဲ့ပါဘူး။ ကျနော့်ရာသီဥတုမှာ နွေ့ကိုချစ်တဲ့မြူတွေ အမြဲ အုံ့ဆိုင်းနေခဲ့ပါတယ်။ နောက်ပြီး သူဟာ နောက်၁၄ရက်နေရင် ကျနော်တို့လက်ထပ်ကြမယ်လို့ ကတိထားခဲ့ကြတဲ့အမျိုးသမီးမဟုတ်လား။ ကျနော်တော့ တချို့လွဲချော်ခြင်းတွေအပေါ် နားမလည်ခဲ့ပါဘူး။ နားမလည်နိုင်ခြင်းဟာလည်း တစ်ခါတရံမှာ လူကို သေစေနိုင်ပါတယ်။ နွေဟာ သိပ်ရက်စက်တတ်သော ဓားသွားလိုပြောင်လက်နေတဲ့မျက်ဝန်းတွေနဲ့။
စစ်ငြိမ်း ( ၁၅ ၄ ၂၀၁၈ )
တေးဝေဆိုတာ ဆရာတာရာမင်းဝေရဲ့ဇာတ်ကောင်နာမည်ဖြစ်ပါတယ်။ ကျနော်က အဲ့ဒီတေးဝေရဲ့ parallel universeထဲက အခြားသော တေးဝေရဲ့ဇာတ်လမ်းတစ်ပုဒ်အဖြစ် ရေးဖွဲ့ခဲ့ပါကြောင်း။
Original Post - https://www.facebook.com/nyinyinaing11111/posts/10210883949244887
Original Post - https://www.facebook.com/nyinyinaing11111/posts/10210883949244887