တာမွေမြို့နယ်၌ ဖြစ်ပွားခဲ့သည့် အဓမ္မမှု
***************************************
၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့ ၂၃၀၀ အချိန် မော်ဒယ် မ-----(ခ)-------(၂၇)နှစ်သည် သူငယ်ချင်းများနှင့်အတူ ဆယ်လီအရက်ဘားသို့ရောက်ရှိနေစဉ် ဧပြီလ ၁၂ ရက်နေ့ ၀၂၄၅ အချိန်၌ ရည်းစားဟောင်းဖြစ်သူ ဟန်ထွန်းဇော်(ခ) အစ္စဏီ(၃၂)နှစ်မှ ဘားအတွင်းဝင်ရောက် ပြဿနာ ရှာနေသဖြင့် မော်ဒယ် မ-----(ခ)-------မှ ၎င်းငှားရမ်းနေထိုင်သည့် တိုက်ခန်းသို့ ကားငှား၍ ပြန်လာခဲ့ရာ ဟန်ထွန်းဇော်(ခ)အစ္စဏီမှလည်း ၎င်းယာဉ်ဖြင့် အတူလိုက်ပါလာခဲ့ပါသည်။
နေအိမ်သို့အရောက်တွင် ဟန်ထွန်းဇော်(ခ) အစ္စဏီမှ မော်ဒယ် မ-----(ခ)------၏ အင်္ကျီအား အတင်းဆွဲချွတ်သဖြင့်ရုန်းကန်စဉ် ဦးခေါင်းဖြင့် မှန်ဗီဒိုအားတိုက်မိခဲ့၍ ဦးခေါင်း နာကျင်ခဲ့သည့် အပြင် တစ်ကိုယ်လုံးအား ဖျစ်ညှစ်ခြင်း၊ ယာလက်ညှိုး၊ လက်ခလယ်နှင့် လက်သူကြွယ်တို့၏ လက်သည်းခွံများကို လှန်ချိုးသဖြင့် နာကျင်၍သတိမေ့နေစဉ် သားမယား ၂ ကြိမ်ပြုကျင့်ခဲ့ကြောင်း၊ သတိပြန်ရလာစဉ် ပတ်ဝန်းကျင်အား အကူအညီတောင်းခံရန် ကြိုးစားခဲ့ရာ ဟန်ထွန်းဇော် (ခ) အစ္စဏီမှ ၎င်း၏ယာခြေထောက်အား ဗီဒိုမှန်ကွဲစဖြင့် ခြစ်ခဲ့၍ ပြတ်ရှဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ ကြောင်း၊ ထို့နောက် မော်ဒယ် မ-----(ခ)------မှ အိမ်သာအသုံးပြုမည်ဟု အကြောင်းပြကာ အိမ်သာ တံခါးအား လော့ချပြီး သူငယ်ချင်းဖြစ်သူ မ--------ထံ ဖုန်းဖြင့် အကူအညီတောင်းခံခဲ့ရာ ၀၅၃၀ အချိန်တွင် မ-------နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ရောက်ရှိလာပြီး ၎င်းအားကယ်တင်နိုင် ခဲ့ကြောင်းနှင့် ဧပြီလ ၁၂ ရက်နေ့ ၁၀၃၀ အချိန်တွင် မော်ဒယ် မ-----(ခ)------မှ တိုင်တန်း၍ ဟန်ထွန်းဇော် (ခ) အစ္စဏီ(ဖမ်းမိ)အား တာမွေမြို့မရဲစခန်းမှ (ပ)၃၆၂/၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၅/၃၂၄(မုဒိမ်းမှု/တုံးသော လက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု/ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
(www.myanmarmoha.org)