အကြောင်းပြချက်က အထီး အမ နှစ်ခုလုံး စိတ်ဝင်စားတဲ့ Bisexual ဖြစ်တယ်ဆိုလည်း သန်ရာ တစ်ခုကို ရွေးကာ ဘဝတည်ဆောက်ပြီးရင် ငြိမ်သင့်တယ်။ ငါက Bi ပဲလေ ဆိုတဲ့အကြောင်းပြချက်နဲ့ လုပ်ချင်ရာ လုပ်တာမျိုးက ဖင်သရမ်း ယီးသရမ်းတာ သပ်သပ် ဖြစ်သွားပြီ
ခြောက်နေရင် ကိုယ့်ကိုယ်ကို လက်ခံပါ။ မိန်းမယူလိုက်လို့ ယောက်ျား ပြန်မဖြစ်လာဘူး ဆိုတာ သက်သေတွေ အဖြစ် အပျက်တွေ အများကြီးပဲ ဘာကို ထပ်ကျား၊ ဇွတ်ကျား၊ မျက်စိမှိတ်ကျား ချင်နေကြတာလဲ ..
ပြီးတော့ ကျက်သရေတုန်းသော လူ့အသိုင်းအဝိုင်းရဲ့ တွန်းအားတွေ ပါတယ်။ မင်းက ဆောက်ခြောက်လား မင်းကဘာမလုပ်ဘူးလား ညာမလုပ်ဘူးလားနဲ့ ဖိအားတွေပေးကြတာ။ ဖိအားပေးပြီး ဇွတ်လုပ်၊ လူမှုရေး ပြသနာ ဖြစ်လာတော့ အဲလူ့အသိုင်းအဝိုင်းက တာဝန်မယူဘူး။ အဲလို ရွံစရာကောင်းပြီး ဥာဏ်ရည်နိမ့်တဲ့ အသိုင်းအဝိုင်းနဲ့ အဲသလို အူကြောင်ကြောင်တွေ သွားတွေ့တော့ ကျက်သရေ မရှိတာတွေ ဖြစ်ရော။
နောက်တစ်ခုက မိဘ ဆွေမျိုး။ ကိုယ့်လူခြောက်နေတာ သိရင်ခြောက်ပါစေ။ ဘာကို မိန်းမယူစေချင်။ မြေးချီချင်။ မျိုးဆက်ကျန်စေချင်တာလဲ။ ကိုယ်ကအဲလိုလုပ်ရင် သူများသားသမီးကို မစာမနာ ဘဝဖျက်တဲ့ထဲပါတယ်။ အဲတော့ ကိုယ့်သောက်မျိုးက မျိုးကောင်းရိုးကောင်း မဟုတ်။ ယုတ်မာတဲ့ မျိုး။ မျိုးဆက်က ပျက်လေကောင်းလေပဲ
ဟုတ်ပြီခြောက်သော်လည်း .. ပတ်ဝန်းကျင် အမြင်မပွင့်လို့ အိမ်ထောင် ထူထောင်မိတယ်ထား .. ကိုယ်လုပ်ခဲ့တဲ့ အရာတစ်ခုကို ကိုယ်တာဝန်ယူရမှာ မဟုတ်ဘူးလား မိန်းမနဲ့ ကလေးကို မိပ်ကပ်ပညာနဲ့ လုပ်ကျွေးနေတဲ့ အခြောက်တွေ ရှိဖူးတယ်နော် .. အချို့က အဲဒါကို စီးပွားအရ ခြောက်တယ်လို့ သတ်မှတ်ကြတယ်။ တကယ်တော့ မဟုတ်ဘူး တာဝန်ယူတာ တာဝန်ခံတာ အင်မတန်လေးစားစရာ ကောင်းတယ်။
ငါ့မိန်းမကို အခြောက်မယားလို့ပြောရင် ပါးကျိုးအောင်ချမယ် လို့ကြိမ်းထားသူတွေ။ တစ်ချက်မျက်နှာမငယ်ရအောင်ထားတာ။ စိုသည်ခြောက်သည်နဲ့မဆိုင်ဘူးနော် ဒါလူ့ကျင့်ဝတ် လူပီသအောင် ကျင့်ကြံတာ .. ဒါတွေက ကာယကံရှင် အပိုင်း
အခြောက်အပိုင်းက ကြည့်မယ်။ ဒီလောကမှာ သူ့လင်ငါယူ ငါ့လင်သူယူ .... သူငယ်ချင်းရည်းစားခေါ်လာ တစ်ဆိုင်တည်းထိုင် စားပွဲအောက် ခြေထောက်ချင်း ဆက်သွယ်ပြီး ပါသွားတာမျိုးတွေ ကျော်တာခွတာ ရိုးနေပေမယ့်၊ အခြောက်လောကမှာ စရိုက်ဆိုပေမယ့် .. ပြင်ပ လောကမှာ မင်းတို့ မရနိုင်တဲ့ မိသားစု ဘဝ၊ တကယ့် ဘဝကြီးတွေဆိုတာ သိစေချင်တယ်
ယောက်ျားချင်းဗိုက်မကြီးပါဘူးတို့၊ ကိုယ့်လင် ကိုယ်နိုင်အောင် ထိန်းပေါ့ ဆိုတဲ့ စကားမျိုးပြောတဲ့ အခြောက်ဆိုရင် ပိုဆိုးတယ်၊ ဘာနဲ့တူလဲဆိုတော့ ခြံစပ်မှာ စိုက်ထားတဲ့ သရက်ပင် ငါ့ခြံထဲ ကိုင်းကသီးတာ ငါ့အသီးလို့ပြောတဲ့ သူနဲ့တူတယ်။ အောက်တန်းကျတယ်၊ ယုတ်မာတယ်၊ လက်တစ်လုံးခြားလုပ်တယ်။ သူတို့ဘဝမှာ ဘယ်တော့မှ အတည်တကျ ဆိုတာ မရှိဘူး။ သူများဟာ မျှော်ရင်း ရပ်တည်နေရတာ။
ကိုယ့်အသိုင်းအဝိုင်းကို နေရာပေးစေချင်ရစေချင်ရင် သူများအသိုင်းအဝိုင်းကို လေးစားရတယ်၊ မဖောင်းရဘူး၊ စည်းရှိရတယ်။ ကိုယ်ပုပ်လို့ တစ်ရပ်လုံးနံတာမျိုး ဖြစ်ရင် ဒီတစ်သက် ဒီအရပ်က တက်လာမှာ မဟုတ်ဘူး။
Original Post = https://www.facebook.com/kyawlynnaung91/posts/10211833766735998
Original Post = https://www.facebook.com/kyawlynnaung91/posts/10211833766735998