ခွေးလေခွေးလွင့် ဖြေရှင်းနည်း (Yan Naung)

မြန်မာပြည်မှာ ခွေးလေခွေးလွင့်ပြဿနာရှင်းချင်ရင်
ကိုယ်တွေလိုခွေးချစ်တတ်တဲ့သူတွေစုပြီး memorandum တွေ articles တွေ right to audit တွေနဲ့ ခွေးချစ်သူအသင်းတရားဝင်ထောင်၊ ချစ်တတ်သူတွေက ကအသင်းဝင်ကြ။ ပြီးရင် စည်ပင်ဆီကမြေ၂၀ဧက မြို့ပြင်မှာတောင်း။
တစ်လတစ်ယောက်ကို အသင်းဝင်ကြေး ၁၀,၀၀၀ပဲ ထည့်။ ခွေးချစ်သူ၂၀,၀၀၀ ရှိရင် တစ်လကို သိန်း ၂၀၀၀ရမယ်။
အလုပ်သမား ၂၀ ယောက်ငှားရင် သိန်း ၄၀ ကျမယ်။
ကျန်တဲ့ငွေကို ၃၀% အစာဖိုး။ ၂၀% ဆေးဖိုး။ ၂၀% repair and maintenance budget ထား။ ကျန်တဲ့၃၀% ကနေ ၁၀% ကိုစာရင်းသေငွေစု။ ကျန်တဲ့ ၂၀% ကိုဘတ်ဂျတ်လိုငွေပြရင်ဖြည့်ဖို့ထား။ လုပ်သားအင်အားလိုရင် ဗော်လန်တီယာတွေခေါ်။
အားလုံး settle down ဖြစ်ရင် စည်ပင်နဲ့ affiliation လုပ်ပြီး ကြေငြာချက်ထုတ်။ ရပ်ကွက်ထဲကခွေးတွေအကုန်ဖမ်း။ အဲ့ဒီခွေးဂေဟာကိုလာပို့ပေးဖို့ပြော။ transition time ရက် ၉၀ပေး။ ရက်၉၀ကျော်ရင် ခွေးလေခွေးလင့်အကုန် ( ပိုင်ရှင် နာမည်စာရင်းမတင်ထားတဲ့ခွေးတွေအကုန်ရှင်း မယ်လို့ စာထုတ်) တကယ်လည်းရှင်း။
ရက်၉၀ အတွင်း ကိုယ့်နာမည်စာရင်းမပေါက်လို့ ရှင်းတဲ့အခါပါသွားရင် စည်ပင် ကြောင့်မဟုတ်ဘူး။ အဲ့ခွေးကို ကိုယ့်နာမည်အောက်reg မလုပ်ထားတဲ့ ဂျင်းကောင်အတုအယောင်ခွေးချစ်သူကြောင့်။
တကယ်သာအဲ့လိုလုပ်ကြည့်ပါလား ရူးတောင်ရူးသွားဦးမယ်။ ဝိုင်းအဆဲခံရတာနဲ့တင်။ ပြီးရင် တစ်လ တစ်သောင်းထည့် responsibility & accountability အပြည့်နဲ့ချစ်ရမယ်ဆိုဘယ်သူမှ မပေါ်လာတော့ဘူး။ ကိုယ်တွေကိုယ်တိုင်ကိုက ထမင်းကျန်ဟင်းကျန်လေး ငါးမုန့်ကြော်လေးလောက်ကျွေးပြီးသူများအကိုက်မခံရခင်အထိ ခွေးပိုင်ရှင်စတိုင်ဖမ်းချင်ကြတာပါလေ။ သူများသွားကိုက်လိုက်ရင်ပိုင်ရှင်မရှိတော့ဘူး။
ခွေးရူးကိုက်ခံရလို့ Hydrophobia ဖြစ်နေတဲ့ကလေးငယ်ရဲ့ဗီဒီယိုကို ကြည့်ပြီးရင် လူတွေ တာဝန်သိသိချစ်တတ်ဖို့လိုနေပြီဆိုတာကိုနားလည်လာပါလိမ့်မယ်။



Post - https://www.facebook.com/yan.naung.148/posts/10155968074749892