နွေကန္တာဦး ရုပ်သံစီးရီးမှ ဖြူသန့်ချော၏ ရင်ဖွင့်ချက်





ညီမကို ဆံပင်ပေးဆပ်ခဲ့တယ်ပဲမြင်တဲ့သူတွေကို ညီမအပြစ်မမြင်ပါဘူး😊ဒါပေမဲ့လေ နွေကန္တာဦး ဝတ္ထုကို ရိုက်ခဲ့ရတာ တကယ်ကို မလွယ်ကူခဲ့ပါဘူး😌ညီမလည်း ချမ်းသာတဲ့သူ အောင်မြင်နေတဲ့ မင်းသမီး/သရုပ်ဆောင်မဟုတ်ပါ😊ရိုက်ချင်တိုင်းလည်းရိုက်လို့မရပါဘူး😊MRTV 4 နဲ့ လက်တွဲထားတဲ့ သရုပ်ဆောင်ပေါင်း တစ်ရာကျော်ရှိပါတယ်😊အဲ့ထဲကနေ ဇာတ်တစ်ခုကို ရိုက်မယ်ဆို လူရွေးပါတယ်😊တစ်ဆင့်ပြီး တစ်ဆင့်ရွေးချယ်ပြီးမှ နောက်ဆုံး သူတို့ကြိုက်တဲ့သူကို list နဲ့ ထွက်ပါတယ် အဲ့ list ထဲမှာပါတဲ့သူ ဥပမာ ၁၀ ယောက်ဆိုပါတော့ ၁၀ ယောက်လုံး သရုပ်ဆောင်ပြရပါတယ် 😊သရုပ်ဆောင်တာလည်း မဆိုးဘူး ဇာတ်နဲ့လည်းလိုက်မယ်ဆိုမှ ရွေးတာပါ😊ညီမကံကောင်းခဲ့လို့ ရိုက်ရတာပါ ☺️စရိုက်မယ်ဆိုထဲက ဆံပင်ညှပ်ဖို့ပြောလို့ ညှပ်ခဲ့ပါတယ်ရှင့် 😊ပြီးတော့ အချိန် ၅ လလောက်ကြာပါတယ်ရိုက်တာ ❤️အဲ့အချိန်မှာ ညီမပညာရေးတစ်ဖက်နဲ့ပါ😊ကျောင်းတစ်ဖက်နဲ့ ရေနံချောင်းကနေ အသွားအပြန်တွေရိုက်ခဲ့ရတာပါ☺️တစ်ခါတစ်လေ ရိုက်ကူးရေးကြောင့် ကျောင်းလည်း practical မှန်မှန်မလုပ်နိုင်ပါဘူး😊ရိုက်ကူးရေးအဖွဲ့အားလုံး ၃ လလောက်ရိုက်ပြီးချိန်မှာ အပူဒဏ်ကိုမခံနိုင်တော့လို့ တစ်လ ပြင်ဦးလွင်တက်ပြီး ကျောင်းဆင်းတွေ ပြောင်းရိုက်ရပါတယ် ပြီးမှ ရေနံချောင်းကို ၁လ လောက်ပြန်လာကြတာပါ😊ရေနံချောင်းမှာ ရိုက်တဲ့အချိန် ရန်ကုန်ထက် အပူချိန် ၂ဆ လောက်ရှိပါတယ် 😊ဓာတ်ဆားရေထုတ်တွေ တစ်နေ့နှစ်ထုပ် ရိုက်ကူးရေးအဖွဲ့တွေသောက်ပြီး အားတင်းကြရပါတယ်😔အပူချိန်မြင့်လွန်းလို့ တစ်နေ့ကို ၂ scence ၃ scence လောက်ပဲ ရိုက်နိုင်ကြပါတယ်😊ဘာမှမလုပ်ပဲ ထိုင်နေရင်တောင် ချွေးသီးသီးကျနေတဲ့ နေ အပူရှိန်ပါ😊အားလုံးကြိုးစားခဲ့ရတာပါ😔စားရေးသောက်ရေးလည်း ခက်ခဲခဲ့ပါတယ် 😊ထမင်းဆိုင်ကနေ မှာစားရတဲ့အတွက် အိမ်ထမင်း ဟင်းလောက် ဘယ်ဟာမှမကောင်းနိုင်ပါဘူးရှင့်😔နောက်ပြီးနေရေးထိုင်ရေးက အစ အဆင်မပြေမှုအနည်းအကျဉ်းရှိပါတယ်ရှင့်😊နောက်ပြီး စမ်းချောင်းတို့ နုနုငယ် အိမ်တို့ဆိုတာ တစ်နာရီကျော်လောက်မောင်းပြီးမှ ရောက်ပါတယ်😊အစက ညီမတို့ သရုပ်ဆောင်တွေမှာ ကားမပါတော့ ဒိုင်နာလိုကားကြီးနဲ့ သွားရပါတယ်🙂သွားရတဲ့ လမ်းက ကျဉ်းလည်းကျဉ်း ဖုန်တအားထတဲ့ တောလမ်းကြီးတွေပါ 😊ပထမ တစ်လလောက် ကားမပါတော့ အဲ့ကားကြီးနဲ့ အားလုံးသွားပါတယ်😊ညီမို့ကတော့ အလှပြင်ထားတဲ့ သူတွေမို့ တစ်ကိုလုံးစောင်လို ချုံပြီး လိုက်ရပါတယ် 😊အထူးသဖြင့် ဆံပင်အလှပျက်မှာ သိပ်ကြောက်ပါတယ် ရွာဘက်တွေ မီးမရှိလို့ ပြန်လုပ်ဖို့ မလွယ်ကူလို့ပါ 😔မျက်တောင်မွှေးမှာတောင် ဖုန်တက်ပါတယ် 🙂ကို့ကားနဲ့ ကို ကျတော့လည်း ကိုယ်ကိုတိုင်မောင်းရတာ ဖြစ်တဲ့အတွက် ပင်ပန်းပါတယ်🙄အိပ်ကလည်း ငိုက်တတ်တော့ မျက်လုံးကို ပြူးထားရတယ်🙄ညဘက်ဆို ပြန်တဲ့ အချိန်ဆို သိပ်ချောက်ချားဖို့ကောင်းလှပါတယ်😔အပြန်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက်စကားတောင် မပြောနိုင်အောင် ပင်ပန်းနေကြပါတယ်😔ဟိုတယ်ပြန်ရောက်ပြီဆိုမှ ကို့အခန်းကို မြန်မြန်ဝင်ပြီး ရေမိုးချိုး ပြီးမှ ထမင်းစားခန်းမှာ စုပြီး စကားပြောရင်း ရယ်မောကြ😍အဲ့တော့မှ အရယ် အပြုံးတွေ ပြန်တွေ့ရပါတယ်☺️လူတိုင်း ပင်ပန်းကြတာကိုး😔မနက်ဆိုလည်း ညဘယ်ချိန်ပဲ အိပ်အိပ် ၆ နာရီဆိုတာနဲ့ မိတ်ကပ်ဆရာက အခန်းရှေ့မှာ မိတ်ကပ်လိမ်းမယ်ဆိုပြီး တံခါးလာခေါက်ပါတယ် 😂မထ ချင်လည်း ထ ,ထချင်လည်း ထရတာ ကိုတွေနှစ်ယောက်ပါ ❤️ဘယ်အရာမှ မလွယ်ကူပါဘူး
#PhyuThantChaw #PhoneNaing # နွေကန္တာဦး
Original Post - https://www.facebook.com/phyuthant.chaw.9/posts/846161052243244